19.သူက ငါ့အပိုင် (သူက ငါ့အပိုင္)

7K 610 78
                                    

Unicode

ဒီအတောအတွင်း ဝမ်ရိပေါ် သည် အလုပ် ကိစ္စကြောင့် မနက်အစောကြီးအိမ်က ထွက်သွားတတ်ပြီး ညမှောင်မှပြန်ရောက် လာတတ်သည်။

သူကအိမ်မှာတောင် ထမင်းစားလို့မအားပေ။တစ်ခါတလေ သူ့ကိုမိန်းကလေးတစ်ယောက်နဲ့လည်း တွဲမြင်နေရသေးသည်။သူမကတစ်ခြားလူမဟုတ်ဘူး ကျန့်လွီယန်ရဲ့တွဲဖက်အတွင်းရေးမှူး လုလုဖြစ်သည်။သူ့ရဲ့အတွင်းရေးမှူးမလေးလို့လည်းတိုက်ရိုက်ဆိုနိုင်သည်။

ဒီညရိပေါ် အိမ်ပြန်ရောက်လာတော့
ခါတိုင်း အိမ်မှာကြားနေရတဲ့ ဆူညံ့သံကိုမကြားရဘူး။မားကသူပြန်လာတာသိတော့
အခန်းကနေထွက်လာပြီး စကားလှမ်းပြော
လိုက်သည်။

"အမေ့သားလေး အရမ်းပင်ပမ်းနေပြီး"

"နည်းနည်းပါ မား "

"ဟုတ်ပါပြီး ဒါနဲ့ သား စားလာပြီးပြီးလား"

"ပြီးပြီး"

"စောစောနားနော"

ဝမ်ရှန်းရီကို ရိပေါ် ခေါင်းငြိမ့်ပြလိုက်ပြီး
သူအခန်းဘက်သို့ဦးတည်လိုက်သည်။
ဒီအချိန်ဆို ယုန်စွာတေးလေး အိပ်နေပြီးလား။လက်က နာရီကို ငုံ့ကြည့်တော့
9နာရီထိုးမျိုးမို့ ရိပေါ် သက်ပြင်းချလိုက်သည်။

အခန်းထဲဝင်လိုက်ချိန် သူ့မျက်နှာ
တည့်တည့် လွင့်စင်လာတဲ့ ခေါင်းအုံးကို
ရိပေါ် အလျင်အမြန်ဖမ်းယူလိုက်သည်။

ကလေးဆိုးလေး မအိပ်သေးဘူးပဲ၊ ဘာတွေစိတ်ကောက်ပြန်ပြီးလဲမသိဘူး။
ရိပေါ် က ကုတင်နားလျှောက်လာပြီး
ရှောင်းကျန့်ကို တစ်ချက်ကြည့်ကာ
ခေါင်းအုံးကို သူ့နေရာသူပြန်ထားလိုက်သည်။

ဟိုက ငါးပူးတင်းမျက်နှာကြီးစူပုတ်ပြီး
သူ့ကို ဘုကြည့်ကြည့်တော့ ရိပေါ် မျက်ခုံးနှစ်ဖက်မြင့်တက်သွားသည်။သူက ဂရုမစိုက်သလိုနဲ့ bathrobeတစ်ထည်ထုတ်ယူလိုက်ပြီး ရေချိုးခန်းထဲဝင်သွားသည်။

သေချာပေါက် တစ်ခုခုစိတ်ကောက်နေတာပဲ ၊ သူဒီရက်တွေမှာ ဘာအမှားတွေ လုပ်မိပါလိမ့်။ရေချိုးပြီး ပြန်ထွက်လာတော့
လူသားလေးက အိပ်ပျော်နေပြီး။သူ က အိပ်ရာပေါ်ထိုင်ချလိုက်ပြီး သူ့ရဲ့အိပ်ပျော်နေတဲ့ လူသားလေးကို ကြည့်လိုက်တယ်။ မျက်ခွံနည်းနည်းဖောင်းအစ်နေတာက ဒီကောင်လေးငိုထားတာလား။ကြင်လင်ပြီးအပြစ်ကင်းသော နုဖတ်ဖတ်မျက်နှာလေးကို လက်ဖဝါးနဲ့ ရိပေါ် ထိကိုင်လိုက်ပြီး
မူပိုင်မှည့်နက်ကလေးရဲ့အနီးဆုံးမှာရှိနေတဲ့
အနီဖျော့ဖျော့နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။

I'm not real your husband ✔✔Where stories live. Discover now