13.သူ့ယောကျာ်း သူ့ကို ဥပေက္ခာပြုထားတယ်

6.9K 652 36
                                    

Unicode

အခန်းထဲဝင်လာကာ ချစ်စရာကောင်း သော ဇနီးသည်လေးကိုပွေ့ချီလာသော အနှီလူသားကကုတင်ပေါ် ပစ်ချလိုက်မယ်လို့ဘယ်သူထင်မှာလဲ။သူကခပ်အေးအေးပဲ အကျီ်အိတ်ထဲကဆေးလိပ်တစ်လိပ်နှိုက်ယူလိုက်ပြီးမီးညှိကာ ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်သည်။

"ရိပေါ်"

မျက်နှာလေးစူပုတ်ကာ ချွဲ့ပျစ်သော အသံလေးနဲ့ ရှောင်းကျန့်လေးက ခေါ် တော့
ဆေးလိပ်ငွေ့ကြားက မျက်နှာချောချောကြီးက စွဲမက်ဖွယ်ပြုံးရိပ်သမ်းလာသည်။
သူက ဇနီးသည်လေးကို ကလေးဆိုးလေးတစ်ယောက်လို ကြည့်ပြီး ပါးစပ်ထဲကမီးခိုးရောင်အငွေ့တွေကို ဖွာထုတ်လိုက်သည်။ဇာတ်လမ်းတွေထဲက ဗီလိန်တွေထက်တောင် သူက သွေးအေးပုံရပြီး
စွဲဆောင်မှုပိုရှိနေသည်။

"ပေါင်ပေ့လေး ဗိုက်မနာတော့ဘူးလား"

သူ့ကို လက်ညိုးထိုးကာ မျက်လုံးအပြူးသားနဲ့ ပြူးကြောင်ကြည့်နေတဲ့ဇနီးလေး
ကြောင့် ဝမ်ရိပေါ် နှုတ်ခမ်းထောင့်စွန်းတို့
ကွေးတက်သွားသည်။သူ့ဇနီးသည်လေး
လိမ်နေခဲ့မှန်း သူအစတုန်းက မရိပ်မိခဲ့ဘူး။ယုံလွမ်းရှန်းဆိုတဲ့ ကလေးမလေးက
တော်ရုံနဲ့ သူ့ကိုမလိမ်ဘူးဆိုတာ ရိပေါ်
ကောင်းကောင်းသိနေသည်။အခန်းထဲက
ထွက်လာတုန်းက ဇနီးသည်လေးသည်
ဗိုက်အရမ်းနာလို့ဆိုပြီး လမ်းမလျှောက်နိုင်ပဲ ချော်လဲကျခဲ့သေးသည်။ကားပေါ် ရောက်တော့ ဇနီးသည်လေးက အဲ့လိုမဟုတ်၊ တစ်ချက်မှ မညည်းတော့ပဲ
တက်တက်ကြွကြွနဲ့ ဂိမ်းဆော့ကာ အိပ်ပျော်နေတော့သည်။

"ငါ ငါက ဒီအတိုင်း မင်းငါ့ကိုစိတ်ပူမလားလို့ ဟွန့်"

"ကိုယ်တကယ်စိတ်ပူခဲ့တာပဲ"သူတည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြေလိုက်သည်။
ရေခဲတုံးမင်းသားလေးရဲ့အဖြေ
ကြောင့် ရှောင်းကျန့်ပြုံးလိုက်ပြီး ကုတင်ပေါ် ကဆင်းလိုက်သည်။သူက ဝမ်ရိပေါ် ဆီပြေးလာပြီး ပေါင်ပေါ် ထိုင်ချကာ
ပါးနှစ်ဖက်ကို တစ်ချက်စီဖိနမ်းလိုက်သည်။

"ရိပေါ် ငါ ...အဟမ်း ငါမင်းကို ချစ်တယ် "
ရှောင်းကျန့်နည်းနည်းတော့ ရှက်သည်။သူက ရိပေါ် ကို ချစ်တယ်လို့အမြဲတမ်းလိုလိုပြောချင်နေခဲ့တာ ၊ဒါပေမဲ့ သူရှက်လို့
အချိန်တိုင်း ပြောမထွက်နိုင်ခဲ့ဘူး။

I'm not real your husband ✔✔Where stories live. Discover now