4.He is my crush

11.5K 1K 24
                                    

Unicode

လေကြီးမိုးကြီးတွေကြားမှာ ယွီအားရှင်းကို လိုက်ရှာပေမယ့် မတွေ့တာကြောင့်
ရိပေါ် စိုးထိတ်သွားရသည်။ မဟုတ်မှ
အဘိုးဆီကို ပြန်သွားတာများလား၊
မဟုတ်ဘူး ယွီအားရှင်းက အဲ့လောက်သတ္တိရှိမှာမဟုတ်။သူတို့ရဲ့ဆက်ဆံရေးကို
အဘိုးသိသွားမှာလည်း ဝမ်ရိပေါ် မလိုလား
ပေ။

ဝမ်အိမ်တော်ဘက်မောင်းလာတော့
အဝေးကနေ အဘိုးအခန်းကမီးမလင်းတာကိုမြင်တော့ ယွီအားရှင်း ဒီကိုပြန်မလာမှန်း
ရိပေါ် သိလိုက်ရသည်။

ကားကိုပြန်ကွေ့ကာ လာလမ်းအတိုင်း
ပြန်လာတော့ ဟိုလိုက်ကြည့်ဒီလိုက်ကြည့်ရင်း လမ်းမီးတိုင်နောက်က သစ်ပင်
အောက်မှာ ခေါင်းစိုမှာဆိုးလို့လားတော့မသိ ယွီအားရှင်းက သူ့အ ပေါ် ဝတ်နဲ့ ဖုံးထားသည်။

လမ်းမီးတိုင်ရှေ့ ဝမ်ရိပေါ် ကားကိုမြင်လိုက်ရတော့ ရှောင်းကျန့်အနည်းငယ်အံ့
သြ သွားရသည်။ ဝမ်ရိပေါ် သည်
ကားပေါ် ကနေ ထီးတစ်လက်ကိုင်ပြီး
သူ့ဆီလျှောက်လာတော့ ရှောင်းကျန့်
ရင်တွေတဒိတ်ဒိတ်ခုန်ရသည်။

ဘယ်လိုပဲ သူ့ကိုမချစ်ဘူး ၊မပက်သက်ချင်ဘူး၊မမြင်ချင်ဘူးလို့ ဝမ်ရိပေါ် ပြောပေမယ့် အခုပြန်လာကြိုတာတင် ရှောင်းကျန့်နှလုံးသားလေး မူမမှန်ချင်တော့။

တည်တင်းသောမျက်နှာနဲ့ သူ့အနားကို
ရောက်လာပြီး ထီးမိုးပေးလာတော့
ရှောင်းကျန့်မတ်တပ်ထရပ်လိုက်သည်။

နှစ်ယောက်သား ခဏတာအကြည့်ချင်းဆုံပြီး ကားဆီလျှောက်သွားကာ နောက်ခန်းမှာ ရှောင်းကျန့်ဝင်ထိုင်လိုက်သည်။
ဝမ်ရိပေါ် သည် ထီးကိုပိတ်ပြီး မောင်းသူနေရာဝင်ထိုင်ကာ ကားကို မောင်းထွက်သွားလေသည်။

အိမ်ကိုပြန်ရောက်ဖို့ တစ်နာရီလောက်
မောင်းနေရသေးတာမို့ ရိပေါ် သည်
သူနေတဲ့ ကွန်ဒိုရှိရာ ကားကို
ဦးတည်မောင်းလိုက်သည်။

ရှောင်းကျန့်သည် သူပေးသောအဝတ်အစားတွေနဲ့ ရေချိုးခန်း
ထဲဝင်သွားပြီး မျက်နှာကိုချန်ပြီး
ရေမြန်မြန်ချိုး
လိုက်သည်။ရေချိုးအဝတ်အစား
လဲ ပြီးလို့ ပြန်ထွက်လာတဲ့အချိန်
ဆေးလိပ်ကို လက်တွေကြားညှပ်ရင်း
အပြင်ကို လှမ်းကြည့်နေတဲ့ ဝမ်ရိပေါ် ကို
မြင်တော့ ရှောင်းကျန့်ခဏငေးကြည့်နေမိသည်။

I'm not real your husband ✔✔Where stories live. Discover now