24. မင်းက ငါ့ရဲ့ အရံသာသာပဲ (မင္းက ငါ့ရဲ႕ အရံသာသာပဲ)

5K 410 67
                                    

Uniccode

"လွန်ခဲ့တဲ့ 5လတုန်းက ရှောင်းကျန့်အသက်ရှင်နေသေးတယ်ဆိုတာကို ကျွန်တော်သိတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဝိညာဥ် လဲအောင်လုပ်နိုင်တယ်ဆိုတာ ခင်ဗျားကို
ဘယ်လိုယုံရမှာလဲ"

တစ်ဖက်လူက သူ့ကို အကျိုးသင့်အကြောင့်ရှင်းပြပေမယ့် ဒီတစ်ခါတော့ ယွီအားရှင်းနားမထောင်နိုင်တော့ပေ။ရှောင်းကျန့်အသက်ရှင်တယ်လို့ သိလိုက်ရတဲ့အချိန်
ကတည်းက သူယုံတောင်မယုံနိုင်ပေ။
ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်တို့ရဲ့ဆက်ဆံရေးကို ကြားသိလိုက်ပြန်တော့လည်း
ပြင်သစ်ကိုပြန်သွားချင်ပေမယ့် အဘိုးဝမ်နဲ့ ရင်းနှီးအောင်လုပ်ပြီး ယုံကြည်မှုရဖို့က ပိုအရေးကြီးတာမို့ သူမသွားဖြစ်ခဲ့။တခြားလူကိုခိုင်းဖို့ကျတော့လည်း သေချာရေရာမှုမရှိပဲတလွဲတချော်တွေသာလုပ်လိုက်ရင် ပြသနာက ကြီးထွားနိုင်သည်။

"အဲ့မကြာခင်က ဘယ်တော့လဲ? ကျွန်တော်မစောင့်နိုင်တော့ဘူး။
ဝမ်ရိပေါ် ဆိုတာ ကျွန်တော့်အပိုင်
လို့ပြောပြီးပြီးလေ"

သူမတူအောင်ဒေါသတွေထွက်ပြီး
အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကို
စိတ်ရှိလက်ရှိဆွဲချကာ တစ်ဖက်လူ
ကို သူအော်ဟစ်ရလွန်းလို့ မျက်နှာ
တစ်ခုလုံး နီရဲလာတော့သည်။

ရှောင်းကျန့်ဆိုတာ ဟိုးငယ်ငယ်လေးကတည်းက ယွီအားရှင်းရဲ့အရုပ်ဖြစ်
သလို စကားတစ်ခွန်းဆိုတစ်ခွန်း
နာခံရမြဲပေ။ အခု မှတ်ဉာဏ်တစ်ချို့
တောင် ပျောက်ဆုံးနေတာ ၊ယွီအားရှင်း
အတွက် ဒုတိယအကြိမ် ရှောင်းကျန့်က
အရံလူဖြစ်ဖြစ် အရုပ်ဖြစ်ဖြစ် ဖြစ်ကို
ဖြစ်ပေးရမယ်။

"ဘာဖြစ်ဖြစ် သူသာတရုတ်ပြည် ပြန်ပါလာရင် ခင်ဗျားလုပ်ရမှာက ကျွန်တော်နဲ့သူ့
ဝိညာဥ်ကိုလဲအောင်လုပ်ရဖို့ပဲ"

"ခင်ဗျားကို ပိုက်ဆံအလုံအလောက်ပေးထားတာပဲ ကိစ္စသာအောင်မြင်အောင်
လုပ်စမ်းပါ"

"အဲ့ဒါပြသနာမရှိဘူး ၊သူကားတိုက်ခံရလို့
တစ်ခန်းလွတ်နေတာကြာပြီး ။ ပြီးတော့
သူနဲ့ကျွန်တော်က သူငယ်ချင်းတွေ
သူက ယုန်ကလေးသာသာပဲ"

I'm not real your husband ✔✔Tempat cerita menjadi hidup. Temukan sekarang