6.9K 668 96
Unicode
"အောက်.. အောက်ချပေး"
ဝမ်ရိပေါ် ရဲ့အကြည့်ကို ရှောင်းကျန့်ရင်မဆိုင်နိုင်တော့တာကြောင့် မျက်နှာတွေ
နီရဲလာကာ တစ်ကိုယ်လုံးလည်းထူပူနေပြီး။ဒါတောင် တစ်ဖက်လူကြီးက
အလိုက်မသိပဲ သူ့ကို ရီဝေဝေနဲ့ကြည့်နေသေးသည်။သူက တကယ့်ကို အရှက်မရှိတဲ့လူကြီးပဲ။
ရှောင်းကျန့်ရဲ့အသံကြားတော့မှ ရိပေါ် သတိဝင်လာပြီး သူ့ကို အောက်ချပေးရင်း
"ခြေထောက်ကအဆင်ပြေရဲ့လား"
နှုတ်ကမဖြေပဲ ရှောင်းကျန့်က သူ့ကို
တစ်ချက်ကြည့်ပြီး ခေါင်းကလေး
ငြိမ့်ပြလိုက်သည်။
ဒီလိုနဲ့ ကားဆီပြန်လာတော့ ဝမ်ရိပေါ် က
သူ့ကို ချော်လဲမှာဆိုးလို့ ဘေးကနေ
ယှဥ်လျှောက်ပြီး အရိပ်တကြည့်ကြည့်နဲ့
ကြည့်နေသည်။ဒါကို ရှောင်းကျန့်က
မနှစ်မြို့စွာနဲ့ သူ့ကို မျက်စောင်းရွယ်လိုက်သေးသည်။နောက် သူက ခြေဆောင့်ပြီး ကားဆီသို့ပြေးသွားကာ ကားထဲအမြန်ဝင်လိုက်သည်။
ကားထဲဝင်လိုက်တာနဲ့ ရုတ်တရက် သူ့ဘက်ကို တိုးလာတဲ့ ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့်ခဏကြောင်သွားသည်။ဒီလူကြီးကတကယ်ပဲ သူ့ကိုနမ်းတော့မလို့လား။ခုနကပဲ ငါကြက်ကြော်စားထားတာ သွားကြားထဲ ညှပ်နေသေးလားမသိဘူး။
ကိုယ့်ဘာသာတွေးရင်း လျှာနဲ့ သွားတွေကို
ရှောင်းကျန့်မသိမသာစမ်းကြည့်လိုက်သည်။
အိုက်ယား !ရှောင်းကျန့် မင်းဘာတွေ
တွေးနေတာလဲ။ငါ ယောကျာ်းတွေကို
မကြိုက်ဘူး၊ငါယောကျာ်းတွေကို
လုံးဝမကြိုက်ဘူး။သူ့မှာ နဂါးအကြီး
ကြီးရှိသလို ငါ့မှာလည်း မကြီးပေမယ့်
ရှိတာပဲ ။သူ့ကို ငါမနာလိုဖြစ်စရာ
အကြောင်းမရှိဘူး။နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မျက်လုံးကိုမှိတ်ထားကာ
မကြာခင်ကျရောက်လာမယ့်အနမ်းကို
ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ရှောင်းကျန့်
စောင့်နေမိသည်။ဒါပေမဲ့ သူထင်သလိုမဟုတ်ဘူး။ဝမ်ရိပေါ် က သူ့ကို ခါးပတ်ပတ်ပေးနေတာ။
"ကိုယ်တို့အိမ်ပဲပြန်ကြရအောင်"
ဝမ်ရိပေါ် ရဲ့အသံကြောင့် ရှောင်းကျန့်
ရှက်ရှက်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူတွေးတာကို ဒီလူကြီး မသိလောက်ပါဘူးနော။ငါ့အပြစ်မဟုတ်ဘူး၊ သူကငါ့ကို
မြူဆွယ်နေတာ။
I'm not real your husband ✔✔Where stories live. Discover now