[Zawgyi]
မျက်ရည်တွေ စီးကျလျက် အိမ်ထဲ ပြေးဝင်လာသော Jungkookကို တွေ့လိုက်ရတော့ အမေဖြစ်သူခမြာ ချက်ချင်းကို ပျာယာခတ်သွားရသည်။Omma:: Kookie...ဘာဖြစ်ခဲ့တာလဲ...သား Taeနဲ့ ရန်ဖြစ်ခဲ့တာလား...
အမေကို မြင်လိုက်သည်နှင့် ပြေးဖက်ကာ ကလေးလေးတစ်ယောက်လို အော်ဟစ်ငိုနေမိသည်။ အမေဖြစ်သူမှာလည်း ပြန်ပွေ့ဖက်ထားရင်း
Omma:: Kookie...ဘာဖြစ်ခဲ့တာလဲ..Ommaကို ပြောပြဦးလေ...
Kook:: hyungက...ဟင့်...hyungက....သားတို့ ချိန်းထားတဲ့နေရာကို ရောက်မလာဘူး...ဒါမယ့်...ဟင့်...barမှာ တခြားတစ်ယောက်နဲ့....ဟင့်...ဟင့်..
Jungkook ဆက်မပြောနိုင်တော့ဘဲ ရှိက်၍သာ ငိုနေလေသည်။ ဘယ်လောက်ပဲ Taehyungကို ချစ်ချစ် သားဖြစ်တဲ့သူကို အရမ်းဝမ်းနည်းအောင် လုပ်လိုက်၍ Taehyungအား နည်းနည်းတော့ စိတ်ခုသွားတာ အမှန်ပင်။
Omma:: ပင်ပန်းနေပြီမလား...နားလိုက်ဦးနော်...ဘာစားခဲ့ပြီးပြီလဲ...Omma..ဘာလုပ်ပေးရမလဲ...
Jungkook ဘာမှ မပြောဘဲ အသာခေါင်းယမ်းပြလိုက်သည်။
Kook:: သား...အခု hyungကို မတွေ့ချင်သေးဘူး...Omma...တကယ်လို့...hyung သားဆီ လာရင် သားက မတွေ့ချင်ဘူးလို့ ပြောပေးနော်...
အမေဖြစ်သူမှာလည်း Jungkookရဲ့ ကျောပြင်ကို အသာပုတ်ပေးရင်း
Omma:: အင်းပါ...Omma ပြောလိုက်ပါ့မယ်...
_____________________________________Taehyungတစ်ယောက် Jungkookတို့ အိမ်ရှေ့၌ ရပ်နေသည်မှာ တစ်နာရီခန့်ပင် ရှိတော့မည်။ အိမ်ထဲမှ မည်သူတစ်ဦးတစ်ယောက်၏ အရိပ်အယောင်မျှမတွေ့။ ကိုယ်က အမှားလုပ်ထားခဲ့သူမလို့ Jungkookရဲ့ အမေနဲ့တောင် တွေ့ဖို့ မဝံ့ရဲ။ ထိုစဉ် အိမ်တံခါးပွင့်လာပြီး အမှိုက်လာပစ်သော Jungkookရဲ့ အမေနဲ့ တွေ့လေသည်။
Taehyungလည်း ချက်ချင်းပင် အရိုအသေပေးလိုက်ပြီး
Tae:: Annyeonghaesayo...Ommonim...
Omma:: Kookieက မင်းနဲ့ မတွေ့ချင်သေးဘူးတဲ့...မင်းလည်း စောင့်မနေပါနဲ့...ပြန်ပါတော့...
Taehyungလည်း ခေါင်းငုံ့ထားရင်း
Tae:: ဟုတ်ကဲ့...ကျွန်တော်လည်း သိပါတယ်... Ommonim...