Part-7

6.5K 689 11
                                    

Unicode

Taehyungတစ်ယောက် သူကူညီပေးလိုက်၍ အဆင်ပြေသွားသော အတွဲကို ကြည့်ရင်း ပြုံးနေမိသည်။

ဘာကြောင့်မှန်းမသိ။ သူအောင်သွယ်ပေးလိုက်တိုင်း အဆင်ပြေသွားတဲ့သူတွေကို ကြည့်ပြီး ပီတိဖြစ်ရသည်။

သူတို့အချင်းချင်း အချစ်စစ်နဲ့ ချစ်မိကြပြီး လက်တွဲသွားကြသည်ကိုး။

သို့သော် cupidကိုယ်တိုင်ကမူ အချစ်ကိုပင် မခံစားဖူး။

Cupid ပစ်လိုက်သော မြှားတို့သည် တခြားလူတို့အား ထိမှန်ကာ အချစ်စစ်ကို တွေ့ရှိသွားကြသော်လည်း ကိုယ်တိုင်ကတော့ ကိုယ့်အချစ်စစ်ကို ရှာဖွေဖို့ မေ့နေခဲ့လေသည်။

Tae:: မင်းတို့ချင်း အဆင်ပြေပြီဆို ကိုယ်သွားတော့မယ်နော်…

ထိုအခါ ကောင်လေးဖြစ်သူက Taehyungကို ဦးညွတ်နှုတ်ဆက်ရင်း

Boy:: ကျေးဇူးပါ Cupidကြီးရယ်…Cupidကြီးလည်း ချစ်ရသူနဲ့ မြန်မြန်တွေ့နိုင်ပါစေ…

ထိုကောင်လေးရဲ့ ဆုတောင်းကို ကြားတော့ Taehyung ပြုံးမိသည်။

သူများတွေဆီသာ အချစ်က လျှောက်သွားနေခဲ့ပြီး သူ့ဆီကိုတော့ ယောင်လို့ပင် ခြေဦးလှည့်မလာပါ။

Taehyungတစ်ယောက် မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။

Tae:: အချစ်ဆိုတာကို တစ်ခါလောက်တော့ ကြုံဖူးလိုက်ချင်တယ်…
________________________________________

မနေ့က dateအကြောင်း ပြောပြရင်း ပြုံးဖြီးနေသော Jungkookကို ကြည့်ကာ Jiminတစ်ယောက် သူပါ အလိုလို ပျော်နေသလို။

Kook:: ငါတကယ် ပျော်ခဲ့ရတာ…ငါ ထင်ထားသလို သူ့ဘက်က အေးတိအေးစက် မဟုတ်ဘဲ နွေးထွေးတယ်…

Jiminကတော့ ခေါင်းတညိတ်ညိတ်ဖြင့်

Jimin:: မင်းပျော်နေရင် ပြီးတာပါပဲကွာ…

Jungkookလည်း မျက်နှာပိုးမသတ်နိုင်ဘဲ ပြုံးစိစိဖြစ်နေလေသည်။

Kook:: ငါ့အထင်တော့ သူလည်း ငါ့ကို စိတ်ဝင်စားနေပြီ ထင်တာပဲ…

Jimin:: ommပေါ့…ဟုတ်မှာပေါ့…

ဘယ်သူသိနိုင်မလဲ ကံတရားမှာ ဝှက်ဖဲတစ်ချပ်ရှိတယ်ဆိုတာ။
________________________________________

Cupid's baby { Completed }Where stories live. Discover now