Part-13

5.9K 634 32
                                    

Unicode

Taehyungနဲ့Jungkook ကျောင်းမှ အတူတူ ပြန်လာခဲ့ကြလေသည်။

Tae:: Jungkook…

ခေါ်သံကြောင့် Jungkook လှည့်ကြည့်လိုက်လေသည်။

Kook:: ပြော…

Tae:: ကိုယ်က မင်းရဲ့ seniorနော်…ပြောပုံကိုက မလေးမစားနဲ့…

ထိုအခါ Jungkookတစ်ယောက် စူပုတ်ပုတ်ဖြင့်

Kook:: ဟာ…hyungပဲ…သူငယ်ချင်းလုပ်မယ်လို့ ပြောတာလေ…သူငယ်ချင်းတွေဆို ရိုရိုသေသေ ပြောစရာမှ မလိုတာ…

Jungkookရဲ့ စကားကြောင့် Taehyungတစ်ယေက် အားရပါးရ ရယ်လိုက်မိသည်။

Tae:: အေးပါကွာ…

Kook:: ပြောလေ…ဘာပြောမလို့လဲ…

Tae:: မနက်ဖန် ကစားကွင်းကိုလာခဲ့…မင်းအတွက် ပထမဦးဆုံး baby cupidလုပ်ဖို့ အလုပ် ကိုယ်လက်ခံထားတာ ရှိတယ်…

Kook:: မနက်ဖန်လား…

Tae:: omm…မင်းလည်း စိတ်ပြေလက်ပျောက်ပေါ့…

Kook:: စိတ်ပြေတာတော့ ဟုတ်ပါပြီ…လက်တော့မပျောက်ချင်ပါဘူး…

Taehyungတစ်ယောက် အသည်းယားစွာ Jungkookရဲ့ ဆံပင်ကို ဆွဲဖွလိုက်မိလေသည်။

Jungkookက Taehyungရဲ့ လက်ကို ပုတ်ထုတ်လိုက်ကာ

Kook:: ဆံပင်ကို လာမဖွနဲ့ဗျာ…

Taehyung လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလေသည်။

Tae:: မနက်ဖန် ကိုယ် လာခေါ်မှာမလို့ စောင့်နေနော်…
________________________________________

Jungkookတစ်ယောက် အိမ်ပြန်ရောက်တော့ စိတ်တွေက လေးလာပြန်သည်။ Taehyungကြောင့် ကြည်လင်နေခဲ့သော စိတ်တို့သည် ရုတ်ချည်းပင် ပြန်ထိုင်းမှိုင်းသွားခဲ့ရသည်။ Yoongiအား သတိရနေရင်းဖြင့်ပင် Taehyung အကြောင်း တွေးနေမိသည်။ Taehyungအနား နေ,နေတုန်းက သူ့စိတ်တွေ ပေါ့ပါးနေခဲ့ရသည်။ Taehyungကိုသာ ရန်လိုနေခဲ့သည်မို့ ထိုအခိုက်အတန့်၌ Yoongiအား မေ့နေခဲ့သည်။ သေချာတာ တစ်ခုကတော့ Taehyungပြောသလိုပင် baby cupidလုပ်ရင်းဖြင့် Yoongiအား မေ့နိုင်အောင် ကြိုးစားရပေတော့မည်။
________________________________________

''တီ တီ တီ''

အိပ်ယာဘေးက ခုံပေါ်တွင် ချထားသော ဖုန်းမှာ အဆက်မပြတ် မြည်နေတာမို့ Jungkook နိုးလာလေသည်။

Cupid's baby { Completed }Where stories live. Discover now