Part - 22

5.9K 594 31
                                    

Unicode

Tae:: ဟိတ်…

အနောက်ဘက်ကနေ အသံပြုလိုက်သောကြောင့် Jungkook လန့်သွားရသည်။

Kook:: Ommaya…

အနောက်ကို ချက်ချင်းလှည့်ကြည့်မိတော့ ပြုံးပြနေသော Taehyungကို တွေ့လိုက်ရ၏။

Kook:: အာ…hyung!!

ပြန်ပြုံးလိုက်ရင်းဖြင့်

Kook:: Yoongi.hyungနဲ့ အတူ လိုက်လာတာလား…

Taehyung ခေါင်းညိတ်ပြလိုက်မိသည်။

Children:: ကိုကို…ကိုကို…ဒီက ဦးဦးက ဘယ်သူလဲဟင်…

ကလေးတွေရဲ့ စကားကြောင့် Jungkook အသံထွက်ကာ ရယ်လိုက်မိသည်။

Kook:: hyungကို ဦးဦးတဲ့…အင်းလေ…ရုပ်ကရင့်တာကိုး…

ပြောရင်း ရယ်နေသော Jungkookကို ကြည့်ကာ Taehyung လိုက်ရယ်မိသည်။

Tae:: ကိုယ် ရုပ်ရင့်တာ မဟုတ်ဘူး…မင်းကိုက ကလေးပေါက်စပုံပေါက်နေတာ…

Taehyungရဲ့ စကားကြောင့် Jungkookရဲ့ မျက်စောင်းတစ်ချက်က Taehyungဆီ ဝဲပျံလာလေသည်။

Tae:: ကလေးတို့ မေးတာ ဦးဦးဖြေမယ်နော်…ဦးဦးက ဒီက ကိုကိုရဲ့ ယောကျ်ား…

Kook:: HYUNG!!!

Children:: အာ့ဆို ဦးဦးတို့က လင်မယားပေါ့…

အစတည်းကမှ သွေးတက်ချင်နေသော Jungkookတစ်ယောက် ကလေးလေးတွေရဲ့ ဖြည့်စွက်စကားကြောင့် မူးတောင်လဲချင်သွားရသည်။

Kook:: hyung…လျှောက်လျှောက်ပြောတယ်…

ပြောပြောဆိုဆိုနဲ့ Jungkook ရှက်ရမ်းရမ်းပြီး Taehyungရဲ့ ရင်ဘတ်ကို အားနဲ့ ထုချလိုက်သည်။

Tae:: အ…

Taehyungတစ်ယောက် ရင်ဘတ်ကို ဖိကာ အော်လိုက်သည်။

Kook:: ဟာ…hyung…sorry sorry…

ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားသော Jungkookမှာ လည်ပင်းကိုသာ ကုတ်နေမိသည်။

Kid 1:: ကိုကို…ဦးဦး နာသွားပြီလေ…ဥုံဖွလုပ်ပေးလိုက်ဦး…

ကလေးတစ်ယောက်ရဲ့ စကားကြောင့် Jungkook ကြောင်သွားသည်။

Kook:: omm omm…ဥုံဖွ ဥုံဖွ…

ဒီအတိုင်း ပါးစပ်က ရေရွတ်လိုက်ခြင်းကို ကလေးတွေက ကျေနပ်ပုံမရ။

Cupid's baby { Completed }Where stories live. Discover now