Part-18

6.3K 679 61
                                    

Unicode

Jiminလည်း အတန်းဆင်းသည်နှင့် Yoongiတို့ အဆောင်ဘက်သို့ ပြေးသွားသည်။

အတန်းထဲက ထွက်ထွက်ချင်း သူ့ဆီသို့ တန်းတန်းမတ်မတ်ကြီး ပြေးလာနေသော Jiminကို မြင်တော့ အံ့သြသွားသလို တစ်ပြိုင်နက်ထဲမှာပဲ ရင်ခုန်လာရသည်။

Yoongi's pov:: Taeများ ကြားထဲက ဝင်ပြီး cupidလုပ်ပေးလိုက်သေးလား…

ကိုယ့်ဘာသာကိုယ် တွေးရင်း ပြုံးမိသည်။

Jimin:: hyung…

အရှေ့ရောက်ကာနီးမှ ခလုတ်တိုက်ပြီး လဲကျမလိုဖြစ်သွားသော Jiminကို Yoongi လှမ်းဖမ်းလိုက်သည်။

Yoongi:: ဖြည်းဖြည်း…

Jiminရဲ့ ပုခုံးတွေကို ဆုပ်ကိုင်ထားသော လက်တွေအား Yoongi ပြန်ရုတ်သိမ်းလိုက်သည်။

ရုတ်တရက် Yoongiရဲ့ ပုခုံးတွေကို Jiminက ခပ်တင်းတင်း ကိုင်လိုက်ရင်း

Jimin:: hyung…Taehyung.hyungက Jungkookကို ကြိုက်နေတယ်ဆိုတာ တကယ်လား…

Yoongi:: အင်…

Yoongi's pov:: ဒါမေးဖို့ အမောတကော ပြေးလာတာလား…Min Yoongi…Min Yoongi…ဘာတွေ မျှော်လင့်နေတာလဲ…

Jimin:: ဟုတ်လားဟင်…ဟုတ်လားလို့…

Yoongi ခေါင်းညိတ်ပြလိုက်သည်။

Yoongiရဲ့ ပုခုံးကို ဆုပ်ကိုင်ထားသော လက်တို့ ပြေကျသွားလေသည်။

Jimin:: ဒါဆို Taehyung.hyungက တကယ် Jungkookကို ကြိုက်နေတာပေါ့…

Yoongi:: Jimin…မင်း…မင်း…Taehyungကိုများ…

Jimin ခေါင်းကို ခပ်သွက်သွက်ပင် ခါကာ

Jimin:: မဟုတ်ဘူးနော်…hyungထင်နေသလို မဟုတ်ဘူး…ကျွန်တော် Taehyung.hyungကို မကြိုက်ဘူးနော်…

Yoongiလည်း ယခုမှ ရင်ထဲက အလုံးကြီး ကျသွားသလိုနှင့်

Yoongi:: ဟူး…တော်ပါသေးရဲ့…

ခပ်တိုးတိုး ပြောလိုက်သော အသံဖြစ်သော်လည်း Jimin ကြားလိုက်ရသည်။ Jiminရဲ့ မျက်နှာထက်မှာ အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားသည်ကိုတော့ သက်ပြင်းခိုးချနေသူကြီးမှာ မသိလိုက်ချေ။

Yoongi:: ဒါဆို မင်းက ဘာလို့ မေးတာလဲ…

Jimin:: Jungkookအတွက် စိတ်ပူလို့…

Cupid's baby { Completed }Where stories live. Discover now