Unicode
Jungkookအတန်းထဲကို ဝင်လာတော့ မှိုင်တိုင်တိုင်ဖြင့် ထိုင်နေသော Jiminကို တွေ့လိုက်ရလေသည်။
Jungkookလည်း နေရာမှာ ဝင်ထိုင်လိုက်ရင်း
Kook:: နေမကောင်းဘူးလား...
မေးနေတာတောင်မကြားနိုင်ဘဲ ငိုင်နေသော Jiminကို Jungkook အကဲခတ်နေမိသည်။
မျက်ဝန်းထဲမှာလည်း တစ်ချက်တစ်ချက် မျက်ရည်လေးတွေ ဝေ့လာတာကိုလည်း မြင်နေရသည်။
အခုထပ်ထိလည်း အနားမှာ Jungkook ရောက်နေတာကို သတိထားမိပုံ မပေါ်သေးပေ။
Jiminတစ်ယောက် ဘာတွေ ခံစားနေရသလဲဆိုတာ Jungkook သိချက်လာတာမို့ Jiminရဲ့ ပုခုံးကို လှမ်းပုတ်လိုက်မိသည်။
ထိုအခါမှ အလန့်တကြား သူ့ကို လှည့်ကြည့်လာပြီး
Jimin:: Jungkook...မင်း ဘယ်တုန်းက ရောက်တာလဲ...
Kook:: Jimin...မင်းမှာ စိတ်ညစ်စရာတွေ ရှိနေလားဟင်...
ခေါင်းကို တွင်တွင်ခါရင်း
Jimin:: ဟာ...မရှိပါဘူး...မရှိဘူး...လုံးဝ...မရှိဘူး...
Jiminရဲ့ စကားကြောင့် Jungkook စိတ်မကောင်းဖြစ်သွားပြီး
Kook:: ငါတို့ အခင်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား...ငါ့ကို မင်းရင်ဖွင့်လို့ရတာပဲကိုး...
Jimin's pov:: ငါက ဘယ်လိုမျက်နှာနဲ့ မင်းကို ရင်ဖွင့်ပြရမလဲ...ကြေကွဲပြရမလဲ...
Jimin လေးပင်စွာပင် ခေါင်းခါပြလိုက်မိလေသည်။
Jungkookမှာလည်း စိတ်မကောင်းခြင်းများစွာဖြင့်။
________________________________________Kook:: hyung...ဘာပြောမလို့လဲ...
နေ့လည် ထမင်းစားဆင်းချိန် canteenမှာ Jiminနဲ့ ထိုင်နေရင်းကနေ ပြောစရာရှိတယ်ဆိုပြီး ခေါ်လာတာ ငါးမိနစ်လောက်ရှိပြီ။ အခုထိ ဘာမှ မပြောသေး။
ဘာတစ်လုံးမှ မပြောဘဲ ဒီအတိုင်းကြီး ရပ်နေရတော့ Jungkook စိတ်ပေါက်လာပြီ။
Kook:: Kim Taehyung...ခင်ဗျား ဘာမှမပြောရင်လည်း ပြန်တော့မယ်ဗျာ...
ပြန်တော့မယ်ဟန်ပြင်နေသော Jungkookကို Taehyung လှမ်းဆွဲလိုက်ရင်း