Part-9

6.1K 663 12
                                    

Unicode

Yoongiတစ်ယောက် Jiminကို မျက်မှောင်ကြုတ်ကြည့်နေမိသည်။

Yoongi:: ဒါဆို မင်းက ငါ့ကို အစကတည်းက သိနေမှာပေါ့...

Jimin ခေါင်းကို ခပ်ဆတ်ဆတ် ညိတ်ပြရင်း

Jimin:: omm...သိတယ်လေ...Jungkookက hyungကို ကြိုက်နေမှန်း သိလို့ hyungအကြောင်းတွေ စုံစမ်းပေးခဲ့တာ ကျွန်တော်လေ...

Yoongiတစ်ယောက် ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ပြီး

Yoongi:: Tae...ငါ နေ့တစ်ဝက် ကျောင်းပျက်မလို့...မင်းခွင့်တိုင်လိုက်တော့...

ရုတ်တရက်ကြီး ပြောင်းလဲသွားသော Yoongiကို Jiminနဲ့ Taehyung ကြောင်တောင်တောင် ကြည့်နေမိလေသည်။

Yoongiတစ်ယောက် တစ်ခုခုကို အလိုမကျ၍ ဒေါသထွက်နေသော မျက်နှာကြီးနဲ့ canteenကို ထွက်သွားလေသည်။

Taehyungနဲ့ Jiminလည်း စိတ်ဆိုးဆိုးနဲ့ ထွက်သွားသော Yoongiကို လိုက်ကြည့်နေမိလေသည်။

Jiminလည်း ပြူ းကြောင်ကြောင်လေးနဲ့ Taehyungရဲ့လက်ကို တို့ကာ

Jimin:: hyung...Yoongi.hyung ဘာဖြစ်သွားတာလဲဟင်...

Taehyungလည်း ခေါင်းခါပြရင်း

Tae:: ကိုယ်လည်း မသိဘူး...ရုတ်တရက်ကြီးထဖောက်သွားတာ...

Taehyungတစ်ယောက် နားမလည်နိုင်စွာ ငေးကြည့်နေမိလေသည်။
________________________________________

Mrs.Jeon:: Kookieရေ ကျောင်းက သားရဲ့ sunbae ရောက်နေတယ်...

Sunbaeဆိုတဲ့အသံကြောင့် ရင်ခုန်သံတွေ ကောက်ကာငင်ကာ မြန်ဆန်လာလေသည်။

တစ်နေကုန် အခန်းထဲ အောင်းနေတာမို့လို့ ရှုပ်ပွနေသော ဆံပင်တို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လက်နဲ့ သပ်ချကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။

Jungkook:: Taehyung.hyung

ဧည့်ခန်းတွင် ထိုင်နေသူမှာ မိမိမျှော်လင့်ထားသော Min Yoongi မဟုတ်ပါဘဲ Kim Taehyungဖြစ်နေသောကြောင့် မျက်ခုံးတို့က အလိုလို တွန့်ကုန်သည်။

Tae:: ချာတိတ်နေမကောင်းဘူးလို့ Yoongiက ပြောလို့...Jiminနဲ့ အတူလာတာ...အိမ်နားရောက်ကာနီးမှ Jiminကို သူ့အိမ်က လှမ်းခေါ်လို့ ကိုယ်ပဲ လာခဲ့လိုက်တယ်...

Cupid's baby { Completed }Where stories live. Discover now