Unicode
Jungkookလည်း Yoongi ချိန်းထားတဲ့ ခေါင်မိုးထပ်ကို တက်လာခဲ့တော့သည်။
သူ ခေါင်မိုးပေါ် ရောက်တော့ Yoongiက ရောက်နှင့်နေလေပြီ။
Yoongiကတော့ သူ့ကို ကျောပေးကာ ရပ်နေလေသည်။
Jungkookလည်း Yoongiရဲ့ အနားကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
Yoongiဘက်က အရင် စချိန်းသည်မို့ ရင်တွေကလည်း ပရမ်းပတာကို ခုန်နေခဲ့သည်။
Jungkookတစ်ယောက် ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ရင်း
Kook:: hyung...
Yoongi လှည့်ကြည့်လိုက်ကာ အချိုမြိန်ဆုံး ပြုံးပြလိုက်လေသည်။
အစတည်းက ပရမ်းပတာ ခုန်နေခဲ့သော နှလုံးသားဟာ Yoongiရဲ့ အပြုံးကို မြင်ပြီးနောက်မှာ ရင်ထဲက ပေါက်ထွက်မတတ် ဖြစ်သွားခဲ့သည်။
Kook:: hyu...hyung...ဘာ...ဘာ ပြောမလို့လဲ...
အသံတွေတုန်နေသည်ကို မနည်းထိန်းပြောနေရလေသည်။
Yoongi:: Jungkook...
Kook:: nae...
Yoongi:: ဒီနေ့ဆို Jungkookတောင်းထားတဲ့ အချိန် ၈ရက်ပြည့်ပြီနော်...
Kook:: hyung...ဘာကို ဆိုလိုချင်တာလဲ...
Yoongi Jungkookကို ကျောခိုင်းလိုက်ရင်း
Yoongi:: ကိုယ်တို့ လမ်းခွဲရတော့မယ်လေ...
ရုတ်တရက် မြန်ဆန်နေခဲ့သော နှလုံးခုန်းနှုန်းတွေ ရပ်တန့်ကုန်လေသည်။
Yoongiကို စကားပြန်ပြောဖို့ အားအင်တွေလည်း မရှိတော့ပေ။
တဖြည်းဖြည်းနဲ့ မျက်နှာက ဖြူ ဖပ်ဖြူရော်ဖြစ်လာလေသည်။
Yoongi:: ကိုယ် မင်းနဲ့ ရှိနေရတဲ့ အချိန်တွေမှာ ကိုယ်တကယ်ပျော်ခဲ့ပါတယ်...ဒါပေမယ့် ကိုယ်တကယ်ချစ်ရတဲ့သူကိုလည်း ကိုယ်တွေ့ခဲ့ပြီ...အခုအချိန်ကနေ စပြီး ကိုယ် သူ့ကို လိုက်တော့မယ်...အရာအားလုံးအတွက် ကျေးဇူးပါ...
Yoongiကတော့ ပြောချင်ရာတွေ ပြောပြီး ထွက်သွားလေသည်။
Jungkookတစ်ယောက်မှာတော့ အသက်မရှူ နိုင် မကယ်နိုင်နှင့် တောင့်တောင်ကြီး ရပ်တန့်နေခဲ့လေသည်။