Part-4

7.7K 770 19
                                    

Unicode

Sister:: ဓာတ်ပုံ ရိုက်ကြရအောင်...ကလေ
းတို့...

Sisterရဲ့ ခေါ်သံအဆုံးမှာ ဓာတ်ပုံ ရိုက်မယ့် နေရာသို့ ပြေးဝင်လာကြသော ကလေးတစ်သိုက်။

ထိုကလေးတွေကို ကြည့်ရင်း Jimin ပြုံးလိုက်မိသည်။

Jimin:: ကလေးတွေက သိပ်ချစ်ဖို့ ကောင်းတာပဲ...

Yoongiကတော့ Jiminကို ဒီအတိုင်းလေး ငေးကြည့်နေလေသည်။

Sister:: Yoongiနဲ့ Jiminလည်း မြန်မြန်လာလေ...

Jiminကတော့ ခပ်သွက်သွက်လေး ပြေးသွားလေသည်။

Yoongiကတော့ ခပ်မှန်မှန်ပဲ လျှောက်လာလေသည်။

Sister:: ကဲ...ကဲ နှစ်ယောက်က ကပ်လိုက်...

ပြောလည်း ပြော လူချင်းလည်း တစ်ခါတည်း ဆွဲကပ်လိုက်သည်။

Jiminကလည်း Yoongiကို အလန့်တကြား လှည့်ကြည့်လာသည်။

Yoongiကလည်း Jiminကို လှည့်ကြည့်လိုက်သည်။

Photographer:: ပြုံးပြုံးလေး နေကြပါ...

Photographerက ပြုံးခိုင်းလိုက်တော့ Jiminတစ်ယောက် Yoongi ပြုံးတာကို တစ်ခါမှ မမြင်ဖူးတာမို့ ဘယ်လို ပြုံးလဲဆိုတာကို လှည့်အကြည့် Yoongiကလည်း Jiminကို စိုက်ကြည့်လို့

Photographer:: 1 2 3 ချလပ်...

အပူအပင်ကင်းကင်း ရယ်ပြုံးနေကြသော ကလေးများ ကလေးတွေအတွက် ပျော်ရွှင်နေသော Sisterနဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကြည့်နေကြသော ကောင်လေးနှစ်ယောက်...ထိုဓာတ်ပုံလေးကတော့ အမှတ်တရဖြစ်သွားခဲ့လေသည်။
________________________________________

Yoongi:: Tae...အချစ်ဆိုတာ ဘာလဲ...

Yoongiရဲ့ စကားကြောင့် အလန့်တကြားနဲ့ လှည့်ကြည့်လာသော Taehyung။

Yoongi:: တစ်ယောက်ယောက်ကို ချစ်မိသွားရင် ဘယ်လိုခံစားရလဲ...

Taehyung ဘာမှ ပြန်မပြောနိုင်ဘဲ Yoongiကို မျက်လုံးအပြူ းသား ငေးကြည့်နေမိလေသည်။

Yoongiက Taehyungကို လှည့်ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။

ထိုအခါ Taehyung အကြည့်လွဲကာ လက်ကာပြရင်း

Tae:: နေ...နေပါဦး...မင်းက ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ...

Yoongi:: ဒီလိုပါပဲ...သိချင်လို့...

Cupid's baby { Completed }Where stories live. Discover now