Part-3

8.9K 878 22
                                    

Unicode

Kook:: Jimin...မင်းပြောတဲ့နည်းက ထိရော ထိရောက်ပါ့မလားကွာ...လောလောဆယ်တော့ Yoongi.hyung...ငါ့ကို အမြင်များ ကပ်နေမလား မသိဘူး...

Jimin:: မင်းပြောပြတာတွေအတိုင်းဆို အဆင်ပြေနေတာပဲ...Yoongi.hyungကော Taehyung.hyungပါ မင်းကို စိတ်ဝင်တစားနဲ့ ရှိနေတာပဲ မဟုတ်ဘူးလား...

Jungkook သူရဲ့ ကျောပိုးအိတ်ကလေးကို ရင်ခွင်ထဲ ပွေ့ပိုက်ထားရင်း

Kook:: ငါကြောက်တယ်... Jimin...

Jimin Jungkookရဲ့ ပုခုံးကို ပုတ်လိုက်ကာ

Jimin:: မကြောက်ပါနဲ့ကွာ...

Jimin ပြောနေရင်း တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်

Jimin:: အာ...မနက်ဖန် ကျောင်းပိတ်ရက်မှာ ငါ သွားစရာရှိတယ်...မင်းလိုက်ဦးမလား...

Jungkook ခေါင်းယမ်းပြလိုက်ပြီး

Kook:: မနက်ဖန် ငါ Yoongi.hyungနဲ့ date မလို့...

Jimin:: အာ့ဆိုလည်း ပြီးတာပဲ...Good luck...my friend...

Jungkook Jiminကို ပြုံးပြလိုက်သည်။
________________________________________

Yoongiတစ်ယောက် လတိုင်း လာdonation လုပ်နေကြ မိဘမဲ့ဂေဟာသို့ မုန့်ထုပ်တွေ အများကြီးနဲ့ ရောက်လာလေသည်။

Sister:: Yoongiလေးတောင် လာပြီပဲ...

Yoongi ပြုံးပြလိုက်ကာ ဦးညွတ်နှုတ်ဆက်လိုက်လေသည်။

Yoongi:: ကလေးတွေ နေကောင်းကြတယ်မလား...Sister...

Sister:: ကောင်းကြပါတယ်...ဒီနေ့ မင်းလိုပဲ လာလှူ တဲ့ ကောင်လေးတစ်ယောက် ရှိတယ်...

Yoongi:: ဟုတ်လား...Sister...ထောက်ပံ့ကြေးတွေ လိုသေးရင် ပြောဦးနော်...

Sisterက Yoongiရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး

Sister:: မင်းတောင် မျက်စိရှေ့ အရွယ်ရောက်လာတာပဲ...အချိန်တွေလည်း ကုန်တာ မြန်လိုက်တာကွာ...

Sisterနဲ့ စကားပြောရင်း လျှောက်လာတာမို့ အခန်းရှေ့ရောက်လို့ ရောက်နေမှန်းတောင် မသိ။

Sister:: အော်...အခန်းရှေ့တောင် ရောက်နေပြီပဲ...

Yoongi အခန်းတံခါးပေါက်မှ တစ်ဆင့် အခန်းတွင်းကို လှမ်းကြည့်လိုက်သည်။

Cupid's baby { Completed }Where stories live. Discover now