Part - 23

6.1K 596 39
                                    

Unicode

ဖုန်းကို စိုက်ကြည့်ကာ အသံတိတ် မျက်ရည်ကျနေသော သားဖြစ်သူကို ကြည့်ရင်း Jungkookရဲ့ အမေမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။

Omma:: သားTaeက မကိုင်ဘူးလား…

Jungkook လေးဖင့်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အမေဖြစ်သူမှာ Jungkook ဘေးနားဝင်ထိုင်ရင်းဖြင့်

Omma:: သားတို့ အချင်းချင်း ရန်ဖြစ်ထားကြတာလား…

Kook:: မဟုတ်ဘူး…Omma…hyungက သားပြောတာကို အထင်လွဲသွားတာ…

မျက်ရည်တွေ ကျနေရင်း ပြန်ပြောလာသော သားဖြစ်သူကို ကြည့်ကာ စိတ်မကောင်း။ ခေါင်းလေးကို ခပ်ဖွဖွလေး ပွတ်ပေးမိတော့ ကလေးတွေလို ရင်ခွင်ထဲ တိုးဝှေ့လာပြန်၏။

Omma:: ဘာကို အထင်လွဲသွားရတာလဲ…

Kook:: သားဘေးမှာ ရှိတဲ့သူ အားလုံးက Hyungဆီ သားကို တွန်းပို့နေတယ်လို့ သား ခံစားရလို့…သူတို့ အာ့လိုတွန်းပို့လို့ hyungအနား ရောက်ရောက်သွားတိုင်း ရင်တွေခုန်လာလို့…သား…စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ပြောလိုက်တာ…အဲဒါကို hyungက သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ပြောတယ်ထင်ပြီး စိတ်ဆိုးသွားတာ…

ရင်ခွင်ထဲကနေ ဖြေရှင်းချက်ပေးနေသော သားအကောင်ပေါက်စကို ကြည့်ကာ ငိုရအခက် ရယ်ရအခက်ဖြင့်။

Omma:: အဲဒါဆိုလည်း အဓိက တရားခံက Taehyungပဲလေ…

Kook:: ဟင်…

အမေဖြစ်သူရဲ့ စကားကြောင့် ရင်ခွင်ထဲကနေ ရုန်းထွက်ကာ မော့ကြည့်လာသော Jungkook။

Omma:: ဟုတ်တယ်လေ…သားTaeနား မဟုတ်ဘဲ တခြားသူနားတွန်းပို့ခံရရင် ငါ့သားက ရင်ခုန်မှာမှ မဟုတ်တာ…အဲဒါဆို သားစိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး…ဒီတော့ သားTaeနဲ့ အဆက်အသွယ်မရတော့ ပိုကောင်းမသွားဘူးလား…

Kook:: မဟုတ်…

Omma:: ဒီအတောအတွင်း Ommaလည်း မှားခဲ့ပါတယ်…ငါ့သား စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိတာပဲ…အဲဒီတော့ Ommaလည်း ပြန်ပေးဆပ်တဲ့ အနေနဲ့ သား Taeကို ဒီအိမ်ရိပ်တောင် မနင်းခိုင်းတော့ဘူး…သားမက်လည်း မတော်တော့ဘူး…

Cupid's baby { Completed }Where stories live. Discover now