Part-8

6.5K 677 8
                                    

Unicode

Taehyungတစ်ယောက် အိပ်ယာထက်မှာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် နေ့လည်က Yoongiပြောလိုက်သော စကားကို ပြန်စဉ်းစားနေမိလေသည်။

Tae:: Yoongiပြောသလိုများ ငါ…Jungkookကို ချစ်မိနေတာလား…

ချက်ချင်းပင် Jungkookရဲ့ မျက်နှာက အတွေးထဲ ပြေးဝင်လာလေသည်။

Taehyungချက်ချင်းပင် ခေါင်းခါကာ

Tae:: အာ…ငါက ဘာလို့ Jungkookကို ချစ်ရမှာလဲ…ဒီအတိုင်း သူ Yoongiကို ချဉ်းကပ်တဲ့ပုံစံက တစ်မျိုးမလို့ စိတ်ဝင်စားတာပါ…ဟုတ်တယ် ဒီအတိုင်းပဲ စိတ်ဝင်စားတာ…ချစ်တာမှမဟုတ်တာ…

Taehyungတစ်ယောက် ကိုယ့်အဖြေကို ကိုယ်ကျေနပ်ကာ ပြုံးလိုက်မိလေသည်။
________________________________________

Jimin:: ဟင်…အာ့ဆို မင်းဒီနေ့ကျောင်းမလာတော့ဘူးလား…

တစ်ဖက်က စကားကြောင့် Jimin စိတ်ပျက်စွာ သက်ပြင်းချလိုက်မိလေသည်။

Jimin:: အေးပါ…ငါ ညနေကျရင် မင်းအိမ်ကို ဝင်ခဲ့မယ်လေ…

Jimin ဖုန်းချလိုက်ပြီး ကျောင်းသွားရန် ပြင်ဆင်လေတော့သည်။
________________________________________

Taehyungတစ်ယောက် နားကြပ်တပ်ကာ သီချင်းတအေးအေးဖြင့် ကျောင်းထဲ ဝင်လေလာသည်။

ဘေးဘီဝဲယာကို မကြည့်ဘဲ သီချင်းထဲမျောကာ အဆောင်ဘက်ကို လျှောက်လာလေသည်။

Someone:: Taehyung-hyung…Artဌာနဘက် ဘာလာလုပ်တာလဲဗျ

ကောင်လေးတစ်ယောက်က သူ့ကို လာနှုတ်ဆက်မှ Taehyungတစ်ယောက် နားကြပ်ကို ဖြုတ်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။

Taehyung rectangle lipsကို ပေါ်အောင် ရယ်လိုက်ရင်း

Tae:: ကိုယ်အတွေးလွန်ပြီး ရောက်လာတာ…

ထိုကောင်လေးလည်း Taehyungကို ကြည့်ရင်း ပြုံးလိုက်ကာ

Boy:: အတွေးလွန်ပြီး ရောက်လာတာဆိုတော့ ဒီဌာနမှာရှိတဲ့ သူတစ်ယောက်ဆီများ အတွေးတွေ ရောက်နေလို့လား…Cupidကြီးရေ…

ချက်ချင်းဆိုသလိုပင် Taehyungရဲ့ မျက်နှာမှာ ရဲတက်လာလေသည်။

Tae:: အာ…မဟုတ်ပါဘူး…

Cupid's baby { Completed }Wo Geschichten leben. Entdecke jetzt