💚Part-52💚End

1.2K 106 5
                                    

~Unicode~

ရက်​တွေကိုလစား လ​​တွေကိုနှစ်စားနဲ့
အချိန်​တွေ ကုန်လာလိုက်တာ သုံးနှစ်​တောင် ရှိသွားခဲ့ပြီ
အချိန်​​တွေကုန်ဆုံးသွား​တဲ့အချိန်မှာ ​နေ့စဥ်လည်ပတ်မှု
​တွေဘယ်လိုလဲလို့ ​မေးလာရင်​တော့
အ​ဖြေက ရိုးရိုးရှင်းရှင်းပါပဲ

သူငယ်ချင်း​တွေဆို စလိုက်​နောက်လိုက် ​
ပျော်လိုက်ပါးလိုက်​ပေါ့

ချစ်သူရည်းစား​တွေဆိုရင် ရန်ဖြစ်စိတ်​ကောက် ပြန်ဖြစ်ဆိုတဲ့
သံသရာမှာ လည်ပတ်​နေကြပါတယ်။

အာ..​မေ့​နေတာ..​ပြောင်းလဲသွားတာ တစ်ခုရှိတယ်။
ဘယ်သူ့အ​ကြောင်းလဲဆိုရင် ကျွန်​​တော့်က​လေးTine​ပေါ့။
သူက​လေ ကျွန်​တော်အလုပ်လုပ်​နေတာကို အခွင့်​ကောင်းယူပြီး ​ကျောင်းတက်တဲ့အချိန်​တွေမှာ တဖြဲနှစ်ဖြဲ စား​လိုက်​သောက်လိုက်တာဆိုတာ ​မ​ပြောချင်​တော့ဘူး..ဟီးး။
ပြန်မ​ပြောကြနဲ့​နော်..ကျွန်​တော်ကချစ်လို့တင်စားပြီး
​ပြော​ပေးတာ။

မ​ပြောပြလို့ရှိရင်လည်း မသိကြမှာစိုးလို့ ​ပြောပြပါ့မယ်။
အခုဆို အ​မောင်Tineရဲ့ကိုယ်လုံးကိုယ်​ပေါက်က ပိန်​သေး
ပုံစံ မ​ဟုတ်​တော့ဘူး။
လုံးလုံးပြည့်ပြည့်ဖြစ်သွား​တော့ အရပ်​တောင် ကျွန်​တော့်ထက်
မဆိုသ​လောက်ပုသွားတယ်​​တောင် ထင်မိတယ်။

"အဲ့​လောက် အစား​တွေအများကြီးမစားနဲ့...က​လေး
ဒီထက်မက ဝလာလိမ့်မယ်"​ပြောလိုက်ရင်
သူ့နှုတ်ခမ်းကြီးက တ​တောင်​လောက် ​ထော်လာပြီး
ပွပွစိစိနဲ့ စ​ပြော​တော့တယ်။

"ရည်းစားဖြစ်တာ ကြာပြီဆိုပြီး ညိုငြင်တာလား
ဒါမှမဟုတ် အလုပ်မှာပဲ အ​ချောအလှအသစ်​တွေ့လို့
လူကိုပလစ်ချင်တာလား အစရှိသဖြင့်​ပေါ့"

သူ အဲ့လို​လေး ​ပြော​နေရင် နား​တော့နည်းနည်းအူ​ပေမယ့်
ချစ်လွန်း​တော့လည်း အပြစ်မမြင်ပါဘူး။

"ရစ်တာကလည်း ချစ်စရာ​ကောင်းသလို
ဝတာ​လေးကလည်း ဖက်ထားလို့ ​ကောင်းပါတယ်"ဆိုပြီး
​ပြောလိုက်ရင် သူ့ရဲ့မူပိုင်အပြုံးချိုချို​လေးကို
စွန့်ကြဲတတ်တယ်။

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now