💚Part-43💚(U+Z)

993 129 13
                                    

~Unicode~

ကျွန်​တော် ဧည့်ခန်းထဲကို ပြန်ဝင်လာတဲ့အချိန်မှာ
Tineတို့မိသားစု​တွေ ​ပျော်​ပျော်ရွှင်ရွှင် စကား​ဖောင်ဖွဲ့
​ပြော​နေကြသည်။
ကျွန်​တော် ဝင်လာတာကို Tineအ​မေက မြင်​တဲ့အခါမှာ..
"သား..လာထိုင်...အ​မေတို့က သား​လေးအပြင်ထွက်ဖုန်း​ပြော
​နေတုန်း စကား​​ကောင်း​နေကြတာ"

"ဟုတ်ကဲ့ခင်ဗျ"

ကျွန်​တော် ဝင်လာကတည်းက Tineရဲ့​ခေါင်းတခုလုံး
​​ငုံ့ပြီး ကြမ်းပြင်ကြီးပဲ စိုက်​ကြည့်​နေသည်။
မျက်နှာကလည်း ရဲ​နေတယ် မဟုတ်မှလွဲ​ရော သူ့​မေ​မေတို့
စ​နောက်ထားတာ ထင်တယ်

"Tine...ကြမ်းပြင်ကြီးလည်း​ပေါက်ထွက်သွားဦးမယ်
ကြည့်မ​နေနဲ့​တော့..​ခေါင်း​လေးဘာ​လေး​​မော့ဦး"

ကျွန်​တော်​ပြောလိုက်​တော့ မျက်နှာ​လေး ​မော့လာကာ
သွားအစုံ​ပေါ်​အောင် လာရီပြ​နေတယ်

"သူ့ကို ​လေဆာ​ကြော်ငြာခိုင်းထားတယ်များထင်​နေလား
မသိဘူး.."(ဆာရာဝက်အ​တွေး)

"အကို...ဖုန်း​ပြောတာ အဆင်​ပြေရဲ့လား"

"​ပြေပါတယ်ကွာ...ဟင်နရီက အကိုဘယ်မှာရှိ​နေ​သေးလဲ
လှမ်း​မေးတာ"

"​အော်..ဟုတ်"

"အဟမ်း...အဟမ်း...ငါတို့ရှိ​နေတာကိုလည်း သတိရဦး"

မိန်းမဖြစ်သူရဲ့မျက်​စောင်းကလည်း ဒိုင်းခနဲ​ရောက်လာတဲ့အပြင် ဗိုက်ကိုပါ တံ​တောင်နဲ့လာတွတ်​သေးတယ်။

"အားး..မိန်းမ..မင်းလုပ်တာနဲ့ ကိုယ့်တကိုယ်လုံး အညိုအမည်းတွေချည်းပဲ"

"​တော်တန်တိတ်..ရှင်လုပ်လို့ ကျွန်မကြည်နူး​နေတာ​လေး​တွေ
ပျက်တယ်..ဟွန့်"

"အ​မေကလည်း....ဘာ​တွေ ​ပြော​နေမှန်း မသိဘူး"

Tineအ​မေလည်း သူတို့နဲ့မျက်နှာချင်းဆိုင်ဆိုဖာက​နေ
ထလာပြီး သား ဆာရာဝက်ရဲ့​ဘေး​နေရာသို့ လာထိုင်လိုက်တယ်။ပြီး​တော့...ဆာရာဝက်ရဲ့လက်​လေးနှစ်ဖက်ကို အုပ်ကိုင်ကာ...စကား​တွေ ​ပြောလိုက်တယ်။

"သား...အန်တီ တခု​ပြောမယ်​နော်သားတို့နှစ်​ယောက်
တွဲ​နေတယ်ဆိုတာ အန်တီသိပြီးသွားပါပြီ
သားတို့နှစ်​ယောက်ကို ကန့်ကွက်စရာ ဘာအ​ကြောင်းမှ
မရှိဘူး ဘဝခရီးတခုမှာ သားတို့နှစ်​ယောက် လက်တွဲသွားမယ်ဆိုရင် ဖြစ်လာတဲ့​လောကဓံတရားကို နှစ်​ယောက်သား
အတူတူ ရင်ဆိုင်​ဖြေရှင်းကြပါ မဖုံးကွယ်ထားပါနဲ့
ပြီး​တော့ သားတို့စိုးရိမ်​နေတဲ့ ပတ်ဝန်းကျင်
အဲ့ပတ်ဝန်းကျင်ရဲ့​ပြောစကားတွေကိုသာ နား​ယောင်ပြီး
​ကြောက်လန့်​နေမယ်ဆိုရင် သားတို့ချစ်ခြင်းခိုင်မြဲမှာ မဟုတ်ဘူး
​ယောက်ကျာ်း​လေးနှစ်​ယောက် ရင်ဆိုင်မယ့်ဘဝတခုဖြစ်တာ​ကြောင့် ကဲ့ရဲ့​ပြောဆိုခံရတာ​တွေက အနည်းနဲ့အများ​တော့ ရှိမှာပါ
သားတို့ဘက်မှာ မားမားရပ်တည်​ပေးမယ့် မိဘ​တွေသာ ရှိ​နေရင် ​ဘေးလူ​တွေ ဝင်လာလို့မရနိုင်ပါဘူး...
အန်တီ​ပြောတာကို အမြဲမှတ်ထား​နော်"ဆိုပြီး
လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ​ပေးလိုက်တယ်

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now