💚part-14💚[Uni+Zaw]

1.3K 168 7
                                    

~Unicode~

ဒီလိုနဲ့ပဲ အားလုံး ရင်ခုန်စွာ
​​မျှော်လင့် ​စောင့်စား​နေကြတဲ့ ကပွဲရက်​လေးကို
​ရောက်ရှိလာပါပြီ

မနက်ခင်းအချိန်အခါ​လေးကလည်း ထူးခြားတဲ့ရက်ဆိုတာကို သိ​နေသည်သည့် အလား ပင်
​တောက်ပ ​နေသည်

ငှက်သံ​လေးများကလည်း တကျွီကျွီနဲ့ နိုးထဖို့အတွက်
​အော်​နေကြပြီ

ထိုအချိန် အိပ်ရာထက်မှာ အိမ်မက်ထဲတွင်
​ပျော်​မွေ့​နေသည့်အလား ပြုံးဖြီး၍
မထ​သေး​သော ​ကောင်​လေးတ​ယောက်ကလည်း
ရှိ​နေတယ်
(A/N-​ပြောရရင်​​တော့ အိပ်ပုတ်​ပေါ့😂)

တီ..တီ(ဖုန်းမြည်သံ)

"ကျစ်....ဒီချိန်ကြီး ဘယ်က ဖုန်းလဲကွာ
အိပ်​ကောင်းခြင်းလည်း မအိပ်ရဘူး"

မျက်စိမှိတ်ကာ စကားကို ပွစိပွစိ ​ပြောရင်း
ဖုန်းကို လှမ်းကိုင်လိုက်တယ်

"ဘယ်သူလဲ ဘာလဲ ငါအိပ်​နေတယ်
မအား​သေးဘူး မြန်မြန်​ပြော"

(A/N-အမယ်​လေး ဟိုဘက်ကလူ​တော့ လန့်​လောက်ပြီ🤣)

"​ခွေး​ကောင် မင်းဒီလို မထ​သေးပဲ ​အိပ်​နေမယ်ဆိုတာ
သိလို့ လှမ်းနှိုးတာကို ​နှိုး​ပေးရတဲ့သူကိုမှ
အားမနာ စေတနာနဲ့တစက်​လေးမှ မတန်ဘူး"

Tineတ​ယောက် ဒီလို​ပြောတဲ့သူ ဘယ်သူဆိုတာကို
ဖုန်းရဲ့contact nameကို ကြည့်စရာပင် မလို​လောက်​အောငိ သိလိုက်ပါပြီ

"ချီး​ကောင်....Tar"
(A/N-မလန့်ကြပါနဲ့​နော် ​ယောကျာ်း​လေး​တွေ အရမ်းခင်ရင်
အဲ့လိုပဲ သုံးကြလို့ပါ တခါတခါ😏)

"​အေး...ဟုတ်တယ်​ဟေ့ ဟုတ်တယ်"

"ဘာလဲဟာ..မနက်​စော​​စောပဲ ရှိ​သေးတာကို"

"​မင်းရဲ့အိမ်ကနာရီ​လေး တချက်​လောက် ကြည့်လိုက်ပါလား"

"ဟဟ ဘာလဲTar မင်းအိမ်က နာရီပျက်သွားလို့လား"

"​​ခွေး​ကောင်.....​မင်းကို​နေမြင့်ပြီလို့ ​​ပြောတာဟ
နံနက်၁၁နာရီ ရှိ​နေပြီ ​ခဏကြာရင် ​နေက မင်း​ခေါင်း​ပေါ်​ရောက်လာ​တော့မှာကွ"

"ဘာ!!!!"

"​ဟေ့​ကောင် အဲ့​လောက်ထိ ​အော်စရာမလိုပါဘူး
ငါ့နားလည်း ကွဲထွက်သွားပါဦးမယ်"

2gether new ver(အလွဲများနဲ့အချစ်)CompletedOnde histórias criam vida. Descubra agora