💚part-4💚[U+Z]

2.1K 282 6
                                    

~Unicode~

💕Flashback💕
အရာအားလုံးရဲ့ အစကတော့
ကျောင်းဘတ်စ်ကတ်ဘောကွင်းက
စတယ်တာသာဆိုရင် အားလုံး
ရီကောင်း ရီကြပါလိမ့်မယ်

ကျွန်တော့်လို အလွဲအမှားများစွာ
ရှိတဲ့ကောင်လေးတယောက်ဆီ အမှတ်မထင်
အချစ်ဆိုတဲ့အရာ ရောက်ရှိခဲ့တဲ့နေ့လေး တနေ့ပါပဲ
တကယ်လို့သာ ကြိုသိခဲ့ရင် ကျွန်တော်
သေချာပြင်ဆင်ခဲ့မိလောက်မယ်ထင်တယ်(😂)

ပြောရမယ်ဆိုရင် အလယ်တန်းကျောင်းသားဘဝ
အချိန်ကာလလေးပေါ့
အဲ့တုန်းက ရာသီဥတု အခြေအနေလေးက
အရမ်းကိုသာယာတယ်

အဲ့လို ရာသီဥတုရဲ့အလှကို ခံစားနေတဲ့အချိန်မှာ
ရုတ်တရက် ဆိုသလို ဘေးနားကနေ
ကျွန်တော့်နာမည် ခေါ်သံကြားလိုက်ရတယ်

"ဟေ့ကောင်Tine မင်းဒီမှာ ဘာရပ်လုပ်
နေတာလဲ အထဲကိုမသွားဘူးလား"ဆိုပြီး
Tarက ပြောလိုက်တယ်
ဘေးနားမှာTeeလည်း ပါလာတယ်

ကျွန်တော်တို့က အဲ့ချိန်ကတည်းက
တပူးပူး တတွဲတွဲရှိလာကြတာ

"အေး ငါလည်းအထဲကို ဝင်တော့မလို့ပဲ
အပြင်မှာ ခဏလေညှင်း ခံကြည့်နေတာ"

"ဒါဆိုလည်း နောက်မှလေညှင်းခံတော့
မြန်မြန်အထဲ မဝင်ရင် ဆရာမအော်လိမ့်မယ်"လို့
ပြောပြီး သုံးယောက်သား အတူတူဝင်သွားကြတယ်

အထဲမှာ ဘာပွဲရှိလို့ ဒီလောက် လူစုလူဝေးဖြစ်နေကြ
တာလဲဆိုတော့ ကျောင်းရဲ့လက်ရွေးစင်တွေစုပြီး
ဘက်စ်ဘော အတူတူ ကစားကြတဲ့ပွဲလေးပါ

"အဲ့လိုပွဲမျိုးရှိရင် ကျွန်တော်တို့အားလုံးက
လာရောက် ကြည့်ရှုပေးကြရတယ်"
"ဟဲဟဲ ပွဲကြည့်ပရိသတ်ပေါ့"

"ဒါနဲ့ပဲ ကျွန်တော်တို့ ဘယ်နေရာထိုင်ရမလဲ
ရှာကြတာပေါ့ လူတွေကလည်း အရမ်း
များတော့ ဘယ်နေရာ ထိုင်လို့ ထိုင်ရမှန်း
မသိဖြစ်နေတယ်"

"အသံတွေကလည်း အရမ်းဆူညံနေတော့
တယောက်စကား တယောက်ကြားအောင်
အော်ပြောနေရတဲ့ အဖြစ်"

"Tine ငါတို့ထိုင်စရာအနောက်မှာတော့
မရှိဘူး ဟိုရှေ့ဆုံးက cheerleaderတွေ
ထိုင်တဲ့နားမှာ ခွင့်တောင်းပြီး ထိုင်ကြရအောင်"
ဆိုပြီး Teeကပြောလာတယ်

2gether new ver(အလွဲများနဲ့အချစ်)CompletedOù les histoires vivent. Découvrez maintenant