💚Part-50💚(U+Z)

785 104 7
                                    

~Unicode~

သုံးရက်ဆိုတဲ့အချိန် ကုန်ဆုံးပြီးသွားတဲ့​နောက်မှာ​တော့
ကိုကိုဘွဲ့ယူမယ့်​နေ့​ကို ရောက်လာခဲ့ပြီ။

"ဒန်တန့်...တန်တန်..ဒန့်တန်တန်..
Oh my my my ...Oh my my...You got me
high so fast...ဘလာ..ဘလာ...ဘလာ"

အဲ့အသံက​တော့ တခြားလူရဲ့အသံမဟုတ်ပါဘူး။
အ​ပျော်လွန်ပြီး သီချင်းညီး​နေတဲ့ အ​မောင်Tineရဲ့
အသံပါ။အယ်...မှားလို့ ကီးမမှန်တဲ့အသံနဲ့ရှယ်ကို
​အော်​​နေတာပါ။
တစ်အိမ်လုံးမှာရှိတဲ့မိသားစုကအစ အလုပ်သမား​​တွေ
အဆုံးအကုန်လုံးရဲ့နားကို မနက်အ​စောကြီးကတည်းက
​နိုပ်စက်​နေတာပါ။

သီချင်း​အော်ဆိုမယ်ဆိုလည်း သူ့အခန်း​လေး ကြားရုံတင်
ဆိုပါလား။ဘယ့်နှယ် တစ်နိုင်ငံလုံး ကြားအောင်
​အော်​​နေတယ်။
အလုပ်သမား​တွေက​တော့ သူတို့ရဲ့အိမ်ရှင်မို့လို့ မ​ပြောသာ
​ပေမယ့် နားပူမခံနိုင်​တော့တဲ့ သူ့ရဲ့မိဘ​​တွေက အ​ပေါ်တက်ပြီး
​ပြောရ​တော့တယ်။

"အချစ်​ရေ..သားကို ​မေးကြည့်ရမယ်
အ​ပျော်လွန်ရင် သီချင်းရမယ်လို့ ဘယ်သူ​ပြောသွားတာလဲ
ဆိုတာကို​ပေါ့။တခြားလူ​တွေရဲ့ အသံနဲ့ သီချင်းဆိုရင်
အ​ကြောင်း မဟုတ်​ပေမယ့် မင့်သားရဲ့အသံက နားထဲ
ကန့်လန့်ကြီးဝင်သွားတယ်ဟ"

Tineအ​မေဖြစ်သူကလည်း သူ့​ယောကျာ်း​ပြော​နေတာကို
နား​ထောင်ပြီး ရီ​နေ​တော့တယ်။မှန်လည်းမှန်​နေတာပဲကို။

"​ဒေါက်..​ဒေါက်..."

"သား..အ​မေတို့ ဝင်လာခဲ့မယ်​နော်"

အဲ့စကားသံ​ပြောလိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ
"Oh My My...အားး"ဆိုတဲ့ အသံကြီးထွက်လာ​တော့တယ်။

အဲ့အသံကိုလည်းကြား​​ရော Tineအ​မေတစ်​ယောက်
တံခါးဖွင့်မလို့ လုပ်​နေရင်းက​နေ နားအရင်ပိတ်လိုက်
ရတယ်။

"ငါ့သားရယ်...ဘယ်လို​တောင် ​အော်လိုက်တာလဲ"

"မိန်းမ..တံခါးးး..တံခါး..ကို​ခေါက်မ​နေနဲ့​တော့...
ဝင်သာသွားလိုက်ကြရ​အောင်"

"ဘာ...ဘာ​ပြောတာလဲ"

Tineအ​ဖေလည်း ​အော်​ပြောတာကို မကြားတဲ့သူ့မိန်းမအတွက် လက်ဟန်​ခြေဟန်​တွေနဲ့ ပြလိုက်ရတယ်။

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now