💚Part-23💚[Uni+Zaw]

1.2K 175 10
                                    

Unicode

အခန်းတခုက​နေ ​ထွက်လာခဲ့ပြီးတဲ့​နောက်မှာ
​ကောင်​လေးနှစ်​ယောက်ရဲ့ ရင်ခုန်သံ​တွေက​တော့
အဆက်မပြတ်ခုန် ​နေဆဲပင်ဖြစ်​နေတယ်

"ကျစ်...ငါနှယ့် တမျိုးပြီး တမျိုးပါလား
ရင်ဘက်ထဲက တဒုတ်ဒုတ်နဲ့ မဟုတ်မှလွဲ​ရော
ငါ့မှာ နှလုံး​ရောဂါ​တွေဘာ​တွေ ရ​နေပြီလား မသိဘူး"

ဆာရာဝက်တ​ယောက် သူ့ဝဲဘက်ရင်အုံပေါ် လက်​​လေး
တင်လိုက်ကာ တ​ယောက်ထဲစူးစမ်း​နေ​တော့တယ်

အဲ့အချိန်မှာ"​ဟေ့​ကောင်"ဆိုတဲ့အသံနဲ့အတူ ကျွန်​တော့်​​နောက်ကျော​ပြင်ပေါ် လက်တစုံ အားပြင်းပြင်း ကျလာပါ​တော့တယ်

*ထိုသူက​တော့ မလွဲဧကန် ကျွန်​တော့်ရဲ့သူငယ်ချင်း ဟင်နရီ
ပါ သူဆိုသည်မှာကလည်း အဲ့လိုရိုက်စရာ ကျွန်​တော့်အပြင်
မရှိတဲ့အတွက် နားလည်​ပေးလိုက်ရပါ​တော့တယ်*

"အား...နာတယ်ကွ ​သေနာ​ကောင်"
"ဟားဟား..မင်းကို နာ​အောင် ရိုက်တာပဲကို
မ​ကျေနပ်ရင်လည်း ခံလိုက်"

*ကြားလို့မှ ​ကောင်း​သေးရဲ့လား မ​ကျေနပ်ရင် ပြန်ရိုက်ပဲ
ကြားဖူးတာကို သူ့အလှည့်ကျမှ မ​ကျေနပ်ရင်လည်းခံလိုက်တဲ့
​ကောင်း​ရော*

"​ဟေ့​ရောင်...မင်းလက်ထဲ ​ဆေးကတ်ကြီးနဲ့ ဘာလုပ်
​နေတာလဲ ပြီး​တော့ လမ်းလယ်​ခေါင်ကြီးမှာ ​ဆေး​ဝေစား
​တော့မလို့လား"

"ငါက ဘာလို့​ဆေး​​​ဝေစား...ဟိုက်...ငါအသတ်ခံရ​တော့
မှာပဲ...​သေပြီ...​သေပြီ"

"ဘာဖြစ်လို့လဲ...​ပြောစမ်းပါဦး"

"ဒီ​ဆေး​တွေကို ဆရာက သူ​ခေါင်းကိုက်လို့ ယူခိုင်းလိုက်တာ
အဲ့တာ ငါအ​ကြောင်းတခု​ပေါ်ပြီး ​​ဆေးသွား​ပေးဖို့ ​မေ့​နေတာ
မင်း​ပြောမှ သတိရတာ"

"​အေး..မင်း​တော့တကယ် ​သေပြီ..အဲ့ဆရာအ​ကြောင်း
မင်းလည်း သိရဲ့သားနဲ့ သ​ဘော​ကောင်းပြီဆိုလည်း
သူများနဲ့မတူဘူး ​စိတ်တိုပြီဆိုရင်လည်း ​ပြေးမလွတ်ဘူး"

"​တော်ပြီ...​လေ​ကြောရှည်တာရပ်..မြန်မြန်သွားမယ်..
မင်းပါငါနဲ့ လိုက်ခဲ့လိုက်​တော့"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now