🌲X'mas Special☃️Part-2 End

784 80 6
                                    

~Unicode~

ကျွန်​တော့်အိမ်ကို မနက်၇နာရီတည်းက ​ရောက်လာတယ်။
ပြီး​တော့ ငြိမ်ငြိမ်လည်း မ​နေဘူး။ကျွန်​တော့်​နောက်က​နေ
တ​ကောက်​ကောက်လိုက်ပြီး မျက်နှာမြန်မြန်သစ်
သွားမြန်မြန်တိုက်ဆိုပြီး ​ပြောတယ်။

ပြီး​တော့ ရှိ​သေးတယ်။အိမ်သာ​တောင် ​ကောင်း​ကောင်း
မတက်ရဘူး။ဟူး..သနားဖို့​ကောင်းလိုက်တဲ့ ငါ့ဘဝ​လေးပါ။

'တတ်နိုင်ဘူး..ချစ်လွန်း​တော့လည်း သည်းခံတတ်ရမှာ​ပေါ့'

ကျွန်​တော့်မှာ ပြင်ဆင်တာ​လေးကို​တောင်
အေး​ဆေးမလုပ်ရလို့အောက်ထပ်အ​ဖေကိုပါ စစ်ကူ​တောင်းပြီး ​ခေါ် ခိုင်းရတဲ့အထိပဲ!

"အ​ဖေလာ​ခေါ်​တော့မှပဲ...မနက်စာစားဖို့ လိုက်သွား​လေရဲ့"

"ကိုကို​ရေ...ကိုကို ဘာ​တွေ လုပ်​နေတာလဲ
အခုထိ ပြင်လို့ဆင်လို့ မပြီး​သေးဘူးလား"

​အခုလည်းကြည့်!
အောက်ထပ်က​နေ လှမ်း​အော်​နေတဲ့ သူ့အသံက
တံခါးပိတ်ထားတဲ့ ကျွန်​တော့်အခန်းဆီကို
ကျယ်​လောင်စွာ ​ရောက်​လောက်တဲ့အထိလည်း
အသံ​အောင်လွန်းတယ်!

အဲ့အသံ​လေးကို ​သေချာနား​ထောင်ကြည့်မယ်ဆိုရင်
စိတ်မရှည်လို့ ဆူ​အောင့်​အောင့် ဖြစ်​နေတဲ့ အ​ခြေအ​နေပါ။

ကျွန်​တော့်မှာ ညဘက်မိုးချုပ် အလုပ်စာရင်း​တွေ
ထိုင်လုပ်မိ​တော့ တအား အိပ်ချင်​နေတာ။ကလေးက
Christmas သစ်ပင်အတွက် လိုအပ်တာ​တွေ သွားဝယ်မယ်။ပြီးရင် ပြင်ဆင်ကြမယ်ဆိုပြီး တပူပူ တဆာဆာ
လုပ်လွန်းလို့ မျက်စိကို အ​တော်ပွင့်​အောင် အားယူထားရတာပါ။မှန်ကြည့်ရင်း အိပ်ငိုက်တဲ့သူကို ပြပါဆိုရင်
ကျွန်​တော့်ကိုသာ ညွှန်ပြလိုက်ပါ​တော့။

'မဟုတ်ရင် သိတဲ့အတိုင်း ဒင်း​လေးက
စိတ်​​ကောက်​တော် မူလိမ့်မယ်..အခု​တောင်ကြာ​နေပြီ"

"ကိုကို!!"

"ဗျာ..လာပါပြီက​လေးရယ်"

​အောက်ထပ်လည်း ​ရောက်​ရော သူ့ရှိတဲ့​နေရာဆီကို
သွားလိုက်တယ်။​စောနတုန်းက အ​​ဖေဖြစ်သူနဲ့
ရယ်ရယ်​မော​မောစကား​ပြော​နေသူ​လေးက
သူလာတာလည်း မြင်​ရော အျက်နှာကိုချက်ချင်းမဲ့ပလိုက်တယ်။

2gether new ver(အလွဲများနဲ့အချစ်)CompletedWaar verhalen tot leven komen. Ontdek het nu