💚Part-33💚[U+Z]

964 125 16
                                    

~Unicode~

"အား....မျက်နှာပူလိုက်တာ.....ဘယ်လို​​တောင်
ရူး​ကြောင်​ကြောင်နိုင်တဲ့အဖြစ်အပျက်လဲ....အဲ့တုန်းက
ငါ့ကိုယ်ထဲ ဘယ်သူ​ရောက်​​နေတာလဲ...​သေချာတာ ငါမဟုတ်ဘူး..မဟုတ်ဘူး...အားးးး"

Tineတ​စ်ယောက် ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်​တွေအတွက်
ရှက်လွန်းလို့ တ​ယောက်တည်း​ခေါင်းတခါခါ လုပ်​နေပါ​တော့တယ်

"​ဟေ့​ကောင်Tine..."

Teeတ​ယောက် Tineအ​ခြေအ​နေကို သိချင်လို့ သူ့နား
​ရောက်လာတာပါ

"​အဲ့...အဲ့ဒါ...ငါ လုပ်တာမဟုတ်ဘူး....."

​​ယောင်ရမ်းပြီး​တွေး​နေတဲ့အ​တွေး​တွေကို အပြင်ကိုပါ
ထုတ်​ပြောမိသွားတယ်

"​ခွီး....ဟားဟား...မင်းမဟုတ်ရင် ဘယ်သူလဲ "

"​အဲ့အ​ကြောင်းတော်​တော့...မင်းကလည်း...ရီမ​နေနဲ့​လေကွာ...ငါ့မှာ​တော့ ရှက်လွန်းလို့
ကိုယ့်မျက်နှာကိုယ် ဘယ်သွားဖွက်ရမှန်းမသိဖြစ်​နေတာကို"

"မင်းမျက်နှာကြီးကို ဖွက်ဖို့ ​​နေရာရှာမ​နေနဲ့​တော့...မင်းရဲ့
အဲ့အလွဲဖြစ်သွားတာလည်း ခပ်​ကောင်း​ကောင်းပဲ"

"မ​ကောင်းပါဘူးကွာ...ဆာရာဝက်ငါ့ကိုရူး​နေတယ်လို့
ထင်သွား​လောက်တာကို"

"အဲ့လိုမဟုတ်ဘူးကွ...သူ့ဘက်က အဲ့လိုမျိုး မထင်တာ​​တော့
ငါအာမခံနိုင်တယ် ဘာလို့လဲဆို​တော့ သူ့မျက်နှာက တမျိုး​ပြောင်းသွားတာကို ငါမြင်လိုက်ရတယ် ဒါ​ကြောင့်
သူငယ်ချင်း​လေးTine အားမ​လျှော့နဲ့ အခုလုပ်မယ့်ပွဲ​လေးမှာ
ဆက်ကြိုးစားကွာ"

"အင်း...အမ်...ဘာပွဲလဲဟ..."

"​ငါ​..အဲ့အ​ကြောင်း​ပြောဖို့လာတာ...ပင်ကီတို့က ​ဆာရာဝက်တို့အသင်းအောင်ပွဲအတွက် ညစာစားပွဲ လုပ်ထားကြတယ်တဲ့
ပြီး​တော့ ပင်ကီက မင်းကိုသူ့တို့ဆီ အမြန်လာဦးလို့
​မှာလိုက်​သေးတယ်"

"​အေးပါ..ဒါဆိုလည်း သွားကြတာ​ပေါ့"

သူတို့နှစ်​ယောက်လုံး မသိလိုက်တာတခုက အဲ့​နေရာမှာ
သူတို့နှစ်​ယောက်အပြင် နောက်ထပ်နား​ထောင်​နေသူတ​ယောက်ပါ ရှိ​​နေ​သေးတယ်ဆိုတာပဲ
*****************************************
At Congrats Party
6:00PM

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now