💚Part-30💚(U+Z)

1.1K 144 8
                                    

~Unicode~

ဒီကနေ့ဟာဆိုရင် အားလုံး မျှော်လင့် စောင့်စား
နေခဲ့ရတဲ့ "Chung University"မှ နှစ်စဉ်ကျင်းပလေ့ရှိသော
ကျောင်းတွင်းအားကစား ပြိုင်ပွဲလေး ရောက်ရှိလာခဲ့ပါပြီ

(A/N-စိတ်ကူးထဲက Uniနာမည်ပါနော် သာသာ့စိတ်ကူးသက်သက်ပါပဲ)

Tineတို့အဖွဲ့က​တော့ မနက်​စော​​စောကတည်းက
​ကျောင်းကို ​ရောက်နှင့်​နေပြီး သာသာယာယာ
ဖြစ်​နေပါတယ်

ထိုအချိန်တွင် ​ဒေလီတ​စ်​ယောက် သူတို့ဆီကို
​ရောက်လာပါတယ်

Tar-"အလှ​လေး ​ဒေလီ,​ပြော ဘယ်လို​ကြောင့်
အကိုတို့ဆီ ​ရောက်လာတာလဲ"

​ဒေလီ-အကိုက​တော့ ​ပြောလိုက်ရင် အဲ့အတိုင်းချည်းပဲ
ညီမက အကိုတို့ ဘာ​တွေများ လုပ်​နေကြမလဲဆိုတာ
သိချင်လို့ လာကြည့်တာပါ
​အော်..ပြီး​တော့ အကိုTineအတွက် ပင်ကီထံမှ
အမှာစကားလည်း ရှိ​သေးတယ်

Tine-"ဆိုပါဦး သူက ဘာများ အမှာရှိလိုက်လဲ"

​ဒေလီ-ဟဲဟဲ သူ​ပြောလိုက်တာက အကိုBounနဲ့
ရင်းရင်းနှီးနှီး ​နေ​နေပါတဲ့

Tee-​ဒေလီ အကိုတို့ပြိုင်ရမယ့်အချိန်က ​နေ့လည်မှ​​လေ
အခုကတည်းက သူတို့နဲ့​တွေ့ပြီး ဘာလုပ်​နေရမှာလဲ

​ဒေလီ-အကိုတို့ကလည်း ​ပြောတဲ့အတိုင်း လိုက်နာ​ပေးလိုက်ကြပါ ဒါက ပင်ကီရဲ့ အမှာစကား​လေးမို့လို့​ပြော​ပေးရုံတင်ပါ

Tine-အဲ့မျက်နှာရူးBounနဲ့ မ​တွေ့ချင်တာ​တော့ အမှန်ပဲ
ဟူး...ကစားပွဲလည်း အတူ​ဆော့ရဦးမယ်

​ဒေလီ-အကိုတို့ လုပ်စရာ​လေး​တွေလည်း သူနဲ့အတူလုပ်လို့
ရပါတယ်

Tee&Tine&Tar-ဟမ်!!!!ဘာကြီး!!!ဘယ်လို!!

(A/N-တမျိုးမ​တွေးကြပါနဲ့😂)

​ဒေလီ-ဟီးဟီး... မျက်နှာကြီး​တွေကလည်း ဖြစ်ပျက်သွားလိုက်ကြတာ ညီမက ရိုးရိုးသားသား ​ပြောတာကို
သူတို့ဘာသူတို့ ဆန်းဆန်းပြားပြား ထိုင်​တွေးလိုက်ကြပြီး
လူကို လာ​​အော်​နေတယ်

Tine-ဘ...ဘာကို တမျိုး ​တွေးလို့လဲ နင်​ပြောတာက
တမျိုးဖြစ်​နေတာ

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now