💚part-16💚[Uni+Zaw]

1.2K 172 7
                                    

♡Unicode♡

ဒီလိုနဲ့ပဲ မီး​ရောင်တလက်လက်ဖြစ်​နေတဲ့ ကပွဲထဲမှာ
သူတို့နှစ်​ယောက် စိတ်လှုပ်ရှားစွာနဲ့
က​နေကြတယ်

Tineတ​ယောက်က​တော့ ဆာရာဝက်ကို ​မော့ပြီး
မကြည့်နိုင်ဖြစ်​နေရရှာတယ်

"ဘယ်လိုလုပ်ကြည့်နိုင်ပါ့မလဲ ကျွန်​တော်
ရင်ခုန်​နေတယ်​လေ"

ဆာရာဝက်က​တော့ မျက်နှာ​ပေါ်မှာ
စိတ်လှုပ်ရှားမှု အရိပ်အ​ယောင် နည်းနည်းမှ
မပြဘဲ ကမြဲအတိုင်းက​နေ​တော့တယ်

ဒီလို တိတ်ဆိတ်တဲ့ အ​ခြေအ​နေကို စတင်​ဖြိုခွဲလိုက်သူက​တော့ Tineပဲ ဖြစ်ပါတယ်

"ဟို​လေ...အကို..."

"အင်း"ဆိုပြီး ​ခေါင်းကို အသာ​လေး ငုံ့ကြည့်လိုက်တယ်

"ကျွန်​တော် ​ရေဆာလာလို့ ​ရေနည်းနည်း
သွား​သောက်ချင်လို့ပါ"

​ဆာရာဝက်က စိတ်ထဲက​နေ ကြိတ်ရီလိုက်တယ်
"ဟက်..သူ့ကို ​ရေများများ ​သောက်လာရင် ဒီက ဆူမှာ
ကျ​နေတာပဲ ​ပြောပုံကို ​ရေနည်းနည်းသွား
​သောက်ချင်လို့တဲ့"

"ရတယ်​​လေ...သွား​သောက်..အကို ဒီမှာပဲ ရှိ​နေမယ်"

"ဟုတ်..ဟုတ်"

"ဒါဆို..ကျွန်​တော် ခဏသွားလိုက်ဦးမယ်"

Tineတ​ယောက် အဲ့​နေရာက​နေ ​လျှောက်လာတဲ့အချိန်မှာ
​တော့ စတင်ပြီး ပွစိပွစိ ​ပြောပါ​တော့တယ်

"ဟွန်းး..အကို သွားယူပါ့မယ်လို့ ​ပြောရင်
​သေသွားမှာမို့လို့လား
အားကို မနာတတ်ဘူး
အရင်က ငါသိခဲ့ဖူးတဲ့ ဆာရာဝက်​ကော
ဟုတ်​သေးရဲ့လား
ငါကသာ...သူ့ကို မှတ်မိ​နေခဲ့တာ
သူ့ဘက်က.....စကားတခွန်း​တောင်
စပြီး မ​ပြောဘူး ဟင်းးး...ငါ့စိတ်က
လက်တဆစ်​တောင် မရှိချင်​တော့ဘူး
သူ့ကိုချစ်​နေလို့သာ...စိတ်ကိုတင်းထားရတာ..ဟူးး"

​​ပြောရင်း​ပြောရင်းနဲ့ပဲ အချို​ရေ​တွေ စား​သောက်ဖွယ်ရာ​တွေ
တည်ခင်းထားတဲ့​နေရာကို ​ရောက်ရှိလာပါ​တော့တယ်

"​နေပါဦး....ငါဒီကို လာ​နေတဲ့အချိန်..သူအခုနက
​နေရာမှာ​ကော ရှိ​နေ​သေးရဲ့လား
တချင်​လောက် ပြန်ကြည့်ဦးမှ သူက ယုံရတာ
မဟုတ်ဘူး"

2gether new ver(အလွဲများနဲ့အချစ်)CompletedWaar verhalen tot leven komen. Ontdek het nu