💚Part-38💚(U+Z)

942 140 13
                                    

~Unicode~

'ချ​လောက်'

Tine​တ​ယောက် ​​ရေချိုးခန်းထဲက​နေ
အောက်ပိုင်းတပတ်တထည်ကိုသာ
ပတ်ပြီး အပြင်ကို ထွက်လာတယ်

ထွက်လာတဲ့အချိန်မှာလည်း ကုတင်ကို
တချက်လှမ်းကြည့်ရတယ်

'ဟူး..​တော်​သေးတာ​ပေါ့ အခုထိ အိပ်​ပျော်​နေတုန်းပဲ'

ဒါနဲ့ပဲ ကျွန်​တော်လည်း ကုတင်ဘက်ကို ​ကျော​ပေးပြီး
ဗီရိုထဲက​နေ ဝတ်ရမယ့်အဝတ်ကို ထုတ်​နေလိုက်တယ်

ဆာရာဝက်လည်း တံခါးဖွင့်သံကြားလိုက်လို့
မျက်လုံး​လေးကိုအသာ​မှေးပြီး ခိုးကြည့်လိုက်တဲ့အခါ

"ဟမ်!!!"

မြင်လိုက်ရတဲ့မြင်ကွင်း​ကြောင့် မျက်လုံးကိုပါ
အမြန်ပြန်မှိတ်ပြီးတပြိုင်နက် သ​​တွေးပါ မြိုချမိသွားတယ်

"​ကျားမ​ကြောက် ဘာမ​ကြောက်နဲ့ သူစိမ်းတ​ယောက်လုံး
ရှိ​နေတာကို အဲ့လိုကြီး ​နေ​နေစရာလား...ပြီး​တော့...
တခြားသူ့သူငယ်ချင်း​တွေ​ရှေ့ဆိုရင်​ကော အဲ့လိုပဲလား
ဟဲ့​ကောင်ဆာရာဝက်...မင်းဘာ​တွေ​တွေး​နေတာလဲ...
အ​​​တွေး​တွေလွန်မ​နေနဲ့...အခုက ငါအိပ်​နေတုန်းဆိုပြီး
လဲတာ ဖြစ်မှာပါ "(ဆာရာဝက်အ​တွေး)

"​ပြီး​တော့ ​ရေစက်​လေး​တွေ တင်​နေတဲ့သူ့​နောက်​ကျော
အသားကလည်း ​ဖွေးအု​နေတာပဲ...ငါ့လို ​ပေါင်မုန့်​ခြောက်လုံး
မရှိ​ပေမယ့်လည်း ပုပု​လေးနဲ့အရွယ်တင်​နေတာကိုက
အားသာချက်ပဲ"ဆိုပြီး သူ့အ​တွေးနဲ့သူ ပြုံး​ပျော်
​နေတယ်

Tineတ​ယောက် အကျီဝတ်ပြီး ကုတင်ဘက် လှည့်ကြည့်လိုက်​တဲ့အခါမှာ ကိုကိုက မျက်နှာကြီး ပြုံးဖြီး​နေတယ်

"အိမ်မက်ထဲမှာ ဘယ်သူနဲ့​ပျော်ပါး​နေလဲမသိဘူး
မုန်းစရာကြီး..ဟွန့်.....ရည်းစားဖြစ်သွားခဲ့ရင်
အတိုးချပြီး စိတ်​ကောက်တာ​တွေဘာ​တွေ လုပ်ပလိုက်မယ်
ဟီး...အ​တွေးနဲ့တင်​ပျော်စရာ​ကောင်း​နေပြီ"

ညဥ့်နက်​နေပြီဆို​တော့ အိပ်ချင်စိတ်က များလာ​တာ​ကြောင့်
သမ်း​တောင် သမ်းမိ​နေပြီ

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now