💚Part-29💚(U+Z)

1K 146 2
                                    

~Unicode~

ဒီလိုနဲ့ပဲ ပြိုင်ပွဲရက်မရောက်ခင် တစ်ရက်အလို
ရောက်ရှိလာခဲ့ပြီ

"ဟူး...ဘာလိုလိုနဲ့ ပြိုင်ပွဲနေ့ကြီးတောင် ရောက်လာတော့
မှာပါလား"
Teeတစ်ယောက် ညည်းတွားနေမိသည်

"အေးဟာ..ပြိုင်ပွဲကို Tineအတွက်ကြောင့်သာ ကစားပေး
ရမှာ ငါ့စိတ်နဲ့ဆို မပါပါဘူး"
Tarကလည်း အဘိုးကြီးပေါက်စလိုမျိုး လုပ်နေပြန်ပြီ

သူတို့နှစ်ယောက် ရှေ့တည့်တည့်တွင် ထိုင်နေသော
ကောင်မလေးသုံးယောက်ကတော့ အကြံအစည်များနဲ့
ပျော်မြူးနေကြတယ်

"ဟိဟိ....မနက်ဖြန်ဆို ငါတို့ဖြစ်စေချင်တဲ့ရက် ရောက်လာပြီ"

ပင်ကီက စတင်ပြောလိုက်ပါတယ်

Teeနဲ့Tarတို့ကတော့ နားထောင်သူများသက်သက်ပါပဲ

Tineကတော့ ဆရာမခိုင်းတဲ့အလုပ်လေးရှိလို့
သူတို့နဲ့အတူ ရှိမနေဘူး

"ဟဲ့...နင်ငါတို့ကို ဘယ်သူက ဘယ်အဖွဲ့ပါတယ်ဆိုတာ မပြောပြဘူးလား"

ဒေလီက မေးလိုက်ပါတယ်

"ပွဲနေ့ရောက်ရင် သိလာမှာပါ"
ပင်ကီရဲ့ မျက်ခုံးတဖက်ကို အားပါပါနဲ့ ပင့်ပြီး
အထာကျကျ ပြောလိုက်တယ်

ကျန်နှစ်ယောက်ကလည်း 'အေးပါဟယ်'တလုံးသာ
ပြောလိုက်ပါတော့တယ်
............................................
👩1-"ဟဲ့...နင်တို့ ပြိုင်ပွဲ ဝင်မယ့်သူ စာရင်းတွေ
ကြည့်ပြီး သွားကြပြီလား"

👩2-"ကျောင်းကသူတွေပဲ ပြိုင်မှာကို ဘာတွေအဆန်းတကြယ် လာလုပ်နေပြန်တာလဲ"

👩1-"အဲ့တာတော့ ငါလည်းသိတာပေါ့ ငါပြောချင်တာ
အဲ့တာ မဟုတ်ဘူး ပြိုင်ပွဲက အရင်နှစ်ကနဲ့မတူ ထူးဆန်းနေတယ်"

👩2-"ဟဟ..ဘာတွေဆော့ခိုင်းတာမို့လို့ ထူးဆန်းမှာလဲ"

👩1-"ဆော့ရမယ့်ကစားနည်းတွေ ထူးဆန်းတာတင်မကပဲ
ပါမယ့်သူတွေကပါ ထူးဆန်းတာ"

👩2-"ဟုတ်လား..ပြောစမ်းပါဦး ငါသိချင်သွားပြီ"

👩1-"ဒီမှာ ပြောပြနေရင် အချိနိကြာတယ် လက်တွေ့ပြမယ်
လာသွားမယ်"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now