💚part-19💚[Uni+Zaw]

1.3K 175 19
                                    

<Unicode>

"ဟဲ့ ဟိုကပွဲ​နေ့က အ​ကြောင်းကို သိပြီးပြီလား"
"ဟင်..ဘာအ​ကြောင်းလဲ...​အော်..
နင်..ရည်းစားရသွားလို့လားဟားဟား"

"​အေး...​အေး..နင်အဲ့မှာ..ငါ့ကို ​​​လှောင်​နေလိုက်
ငါ ​ပြောပြမယ့် အ​ကြောင်းကို မ​ပြောပြ​တော့ဘူး"

"ဟယ်..နင်ကလည်း..ငါကစတာကို
​ပြော​ပြော..ဘာအ​ကြောင်းလဲ"

"ဒီလိုဟာ...ငါတို့​ကျောင်းရဲ့​ချောပြီး​ချေတဲ့ ဆာရာဝက်​လေး​လေ"

"အင်း..ဆက်​ပြော"

"သူ့ကို​လေ...ငါထင်တာက​လေ...ကပွဲ​နေ့ကလာမယ်လို့ထင်လိုက်တာဟာ"

"​အော်...လက်စသတ်​တော့ နှာ​ခေါင်းမီး​တောက်တာကို
​ပြောချင်တာကို"

"နင်ဟာ..ခဏ​လေး ဖြစ်ဖြစ်အ​ကောင်း​ပြောစမ်းပါဟာ
ငါ​ပြောတာ​လေးကို တိတ်တိတ်​လေးနား​ထောင်လိုက်"

"အင်းပါ"

သူတို့နဲ့ တဝိုင်း​ကျော်​လောက်မှာ ​Tineတို့အုပ်စုက
ထိုင်​နေကြတယ်
အဲ့​ကောင်မ​လေးနှစ်​ယောက်ရဲ့စကားသံက​လေ
လော်စပီကာ မလိုဘူး
အကုန် အတိုင်းသား ကြားရတယ်

*မိန်းက​လေး​တွေ ဖြစ်ပြီး တကယ်ပါပဲ
ငါ့ကိုကို အ​ကြောင်းကို​ပြော​နေလိုက်ကြတာ
ဒါ​ပေမယ့်လည်း သူတို့ဘာဆက်​ပြောမလဲဆိုတာကို
​သေချာနား​ထောင်ဦးမှ*ဆိုပြီး ​ပြောသမျှစကားကို
နားစွင့်​နေတယ်

"အဲ့ကပွဲ​နေ့ညက ဆာရာဝကမလာဘူးတဲ့​လေ"
"ဟင်...ဟုတ်လား...လူတိုင်းက သူ့နဲ့ တွဲကချင်​နေကြ​တော့
​ကြောက်ပြီးမလာတာ ​နေမှာ​ပေါ့ အဓိက​တော့ နင့်​ကြောက်လို့ ပဲဖြစ်ရမယ်"

"​အော်...​အေး..ငါ့​ကြောက်လို့ ထွက်​ပြေးတယ်သာ
ဆိုလို့က​တော့ ငါဂုဏ်ယူပလိုက်မယ်
အခုဟာက လူတိုင်း​ပြော​နေပုံအရက
သူနဲ့​ကျောင်းမှာ အတူတူ တွဲရှိ​နေတတ်တဲ့
အမ​လေ သိတယ်မလား"

"​အေး..သိတယ်​လေ..ငါ​တော့ကြည့်မရဘူး
အမြင်ကို ကပ်တယ် ​ဘေးက​နေ လိုက်ရှုပ်​နေတယ်ပဲ
မြင်တယ်"

"အင်း...သူနဲ့အတူ ပွဲတခုမှာ ရှိ​နေလို့တဲ့
အဲ့ဒါ​ကြောင့် မလာဖြစ်ဘူးဆိုတဲ့အ​ကြောင်းကို
သူ့သူငယ်ချင်းနဲ့ ​ပြောခိုင်းလိုက်​သေးတယ်တဲ့"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now