Vol 1 : Chapter 21

3.9K 888 40
                                    

<Zawgyi>

သည်တစ်ခေါက်တွင်မူ နှင်းမီးတောက်လေး သည် အလျင်အမြန် ရောက်ရှိလာကာ လင်းရှ ထိုင်ချလိုက်သည်နှင့် သူ၏ အမွှေးဖွားဖွားခေါင်းလေးဖြင့် တိုက်မိတော့မတတ်ပင် ဖြစ်သွားလေသည်။ ထိုအကောင်လေးသည် စိတ်မရှည်စွာနှင့် လင်းရှ ထံသို့ ပစ်ဝင်လုနီးပါးဖြစ်နေလေရာ သူသည်ပင် ထိတ်လန့်ကာ ထခုန်မိသွားတော့၏။

ကြက်ကင်၏ ရနံ့တွင် ကြာရွက်၏ အနံ့လေးပါ သင်းသင်းလေးပျံ့နေကာ ၎င်းမှာ လင်းရှ ယူလာခဲ့သည့် တစ်ခုတည်းသော အရာဖြစ်ကြောင်းကို တွေ့လိုက်ရသောအခါ ထို နှင်းမီးတောက် သည် အလျှင်အမြန်ပင် တစ်ဟုန်ထိုး စားလေတော့သည်။ ခဏအကြာတွင် ယင်းသည် စားသည့်အရှိန်လျှော့လိုက်ပြီးနောက် မျက်လုံးများမှေးကာ အရသာခံရင်း ဖြည်းဖြည်းချင်း ဝါးနေတော့၏။

လင်းရှ သည် အနည်းငယ် ရယ်ချင်လာသော်လည်း ထိုအကောင်လေး စားနေသည်ကို အနှောင့်အယှက် မဖြစ်သွားစေရန်အတွက် ခပ်ဝေးဝေးမှာသာထိုင်ရင်း ပြုံးနေမိပေသည်။

နှင်းမီးတောက် သည် စား၍ ပြီးသည်နှင့် သူ၏ ဆီများဖြင့် ပေကျံနေသည့်ပါးစပ်အား သူ့လက်ဖဝါးများဖြင့် အိနြေ္ဒရရ ပွတ်သုတ်လိုက်ပြီးနောက် လင်းရှ ကို တစ်ချက်ချောင်းကြည့်ရင်း အမြီးကို ခပ်မြင့်မြင့်လှုပ်ကာ ကျေးဇူးတင်သည့် ဟန်လေးပင် မပြပါပဲ ခြုံထဲသို့တိုးဝင်ကာ ပျောက်ကွယ်သွားချေတော့သည်။

သို့သော်လည်း လင်းရှ သည် အနည်းငယ်မျှ စိတ်အနှောင့်အယှက် မဖြစ်ပဲ ကျန်နေခဲ့သည့် ကြာရွက်များနှင့် ကြက်ရိုးများအား သီချင်းလေးတညည်းညည်းဖြင့် လိုက်သိမ်းလိုက်ပြီးနောက် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့တော့သည်။

ကျန်သည့်ရက်များတွင်လည်း လင်းရှ သည် နှင်းမီးတောက်လေးအတွက် အစားအစာများကို အမြဲလိုလို ယူလာတတ်ကာ တစ်ခါတစ်လေတွင် ကြက်ကင်တစ်ကောင်၊ တစ်ခါတစ်လေတွင် ယုန်သားများနှင့် အခြားသော အသားများကို ယူလာတတ်ပေသည်။ ထိုနှင်းမီးတောက်မှာ အသီးအနှံ နှင့် အရွက်များကိုစားသော်လည်း ၎င်းမှာ အသားများကိုသာ ပိုစိတ်ဝင်စားလေ၏။ ရက်အတန်ကြာသောအခါ သူ၏ လင်းရှ အပေါ်ထားသည့် သံသယများမှာလည်း အတော်အတန်ပင် လျော့ကျသွားပြီဖြစ်သည်။ အစပိုင်းတုန်းကဆိုလျှင် လင်းရှ သည် သူအစားကို မြိန်ရည်ရှက်ရည် စားနေသည့် အချိန်တွင် တမင်တကာ အနားကို တိုးကပ်ပြီး စမ်းသပ်ဖူးရာ ထိုနှင်းမီးတောက်သည် သူ၏ အစွယ်များကို ထုတ်ပြရင်း သူ့အစားအစာများကို ကာကွယ်တတ်လေသည်။ သို့သော်လည်း အချိန်အတန်ကြာလာသောအခါ ၎င်းသည် လင်းရှ ဘာလုပ်လုပ် မမြင်ချင်ယောင်သာ ဆောင်နေပြီး သူ့ဘာသာပဲ ဆက်စားနေချေတော့သည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now