Vol 1: Chapter 10

4.2K 865 19
                                    

<Zawgyi>

ဆူညံကာ ပွက်လောရိုက်လွန်းလှသည့် ဆုန်းရှောင်ဟူ ကို ဆွဲခေါ်ခဲ့ရသည့် မမလေး ချွ့ယု မှာ ဆက်၍သည်းမခံနိုင်တော့ပဲ သူ့ကို ကြိုးနှင့် ချည်ကာ ရှာက်ယန် ဂိုဏ်းထဲမှ ထင်းတဲ တစ်ခုခုထဲသို့ ပစ်ထည့်လိုက်တော့သည်။ ဆုန်းရှောင်ဟူ သည် ထိုကြိုးများမှ ကိုယ့်ဘာသာ လွတ်အောင်လုပ်နိုင်ခဲ့သော်လည်း ပိတ်ထားသည့် တံခါးကိုမူ မဖွင့်နိုင်ပဲ ဖြစ်နေခဲ့သည်။ အကူအညီကို အော်ဟစ် တောင်းနေစဉ်မှာပင် ကံကောင်းထောက်မစွာဖြင့် ဘေးနားမှ ဖြတ်သွားသည့် ထိုကောင်မလေးမှ ကြားသွားခဲ့ခြင်း ဖြစ်၏။ သူမသည် သူ၏ လက်ရှိ အခြေအနေများနှင့် အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရကြောင်းကို နားလည်သွားသောအခါ ချက်ချင်းပင် စာမေးပွဲနေရာသို့ ခေါ်လာပေးခဲ့ပေသည်။

ဆုန်းရှောင်ဟူ ၏ ရိုးရှင်းလှသည့် ရှင်းပြချက်ကို ကြားပြီးသွားသောအခါ လင်းရှ သည် မြစိမ်းရောင် အဝတ်အစားများ ဝတ်ထားသည့် မိန်းမငယ်လေးအား အသေအချာ ကြည့်လိုက်မိသည်။ သူမ၏ မျက်ခုံးတန်း ကွေးကွေးလေးများနှင့် ဖြူဖွေးလှသည့် အသားအရေတို့မှာ အနာဂတ်တွင် မိန်းမချောလေးတစ်ယောက် ဖြစ်လာလိမ့်မည်မှန်း သက်သေခံနေပေသည်။ ထပ်ပြီးပြောရလျှင် သူမသည် ဆုန်းရှောင်ဟူ ကို စာမေးပွဲ ကျင်းပသည့် တားဖြစ်နေရာသို့ ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား ပင် ခေါ်လာနိုင်လေရာ သူမ၏ အဆင့်အတန်းမှာလည်း မနိမ့်လေကြောင်း သိနိုင်ပေ၏။

ထို မိန်းကလေးသည် မာနကြီးခြင်း မရှိပဲ ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းပင် သူမ နာမည်မှာ ဖုန်းလော် ဖြစ်ကြောင်းနှင့် သူမကိုယ်ကို သူမ မိတ်ဆက်လာပေသည်။

လင်းရှ သည် ထိုမိန်းကလေးကို ချက်ချင်း မှတ်မိသွားတော့သည်။

သူမမှာ ဇာတ်လိုက် အနာဂတ် မာင်းမဆောင်ကြီး ပထမဆုံး မာင်းမလေးပင် !

ရှာက်ယန် ဂိုဏ်းခေါင်းဆောင်၏ သမီး ရတနာ မျက်ရှုလေး ဖြစ်သကဲ့သို့ ချုန်းမင် မြို့တော်ဝန်၏ သမီးဟုလည်း ဆိုနိုင်ပေသည်။ သူသည် စိတ်ထဲမှသာ တိတ်တိတ်လေး အတွန့်တက်လိုက်ပေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now