Vol 3 : Chapter 1

2.8K 631 85
                                    

< Zawgyi >

လင်းရှ သည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်မိသည်နှင့် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်မိ၏။ သူသည် လေကိုအလုအယက်လုရှုရင်း နှုတ်ခမ်းများမှာ တုန်လှုပ်နေရပေသည်။ ထိုအချိန်က သူ့အား သေလုနီးပါးဖြစ်စေခဲ့သည့် ဝမ်းဗိုက်မှ နာကျင်မှုမှာ အတော်လေး သက်သာသွားပြီ ဖြစ်ချေသည်။

သူသည် ရင်းနှီးပြီးသား ဖြစ်သည့် ဝါဖျော့ဖျော့ မျက်နှာကြက်ကို ငေးစိုက်ကြည့်နေမိ၏။

ငါသေသွားပြီး ပြန်ရောက်လာတာလို့တော့ မပြောနဲ့ ? သွေးထွက်လွန်ပြီး သေသွားခဲ့တာလား ? ယုဇီကျွေး ကကော ?

လင်းရှ သည် အဝတ်မလဲပဲ ခြေညှပ်ဖိနပ်ကို ကောက်စွပ်လိုက်ပြီးနောက် ကုတင်ပေါ်မှ ဆင်းကာ ကွန်ပျူတာဆီသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် ကွန်ပျူတာဖွင့်ပြီး ဆယ်စက္ကန့်နီးပါးမျှ အဆက်မပြတ်လည်နေသည့် လိုဂိုအဝိုင်းကို ကြည့်ရင်း ကွန်ပျူတာစားပွဲကို စိတ်မရှည်စွာဖြင့် တတောက်တောက် ခေါက်နေမိ၏။

ဘာလို့ ဒီလောက် အရေးကြီးနေတဲ့ အချိန်ကြမှ သူက ပြန်ရောက်လာရတာတုန်း !? အကယ်လို့ ယုဇီကျွေး သာသေသွားလို့ကတော့ သူသေချာပေါက် စာရေးဆရာရဲ့ ကွန်ပျူတာစခရင်ပေါ် တွားသွားထွက်ပြီး သေးထွက်လောက်တဲ့အထိ ခြောက်ပစ်မယ် !

သူသည် browser ကို အလျှင်အမြန်ဖွင့်လိုက်ပြီးနောက် စာအုပ်မှတ်များပေါ်သို့ နှိပ်လိုက်သော်လည်း သူဖွင့်လိုက်သည်နှင့် ပေါ်လာသည်မှာ __  စာမျက်နှာရှာမတွေ့ပါ  တဲ့ !

လင်းရှ သည် ကျိန်ဆဲလိုက်မိ၏။

စာမျက်နှာက ဖျက်ခံလိုက်ရတာလား ?

သူသည် တခြား browser များနှင့် ရိုက်ရှာကြည့်လိုက်သေးသော်လည်း ယင်းမှာ အလဟဿပင် ဖြစ်နေရလေသည်။

သူသည် စာရေးဆရာ၏ ဘလော့ကို ရှာကြည့်လိုက်သောအခါ စာရေးဆရာ တင်ထားသည့် ပိုစ့်မှ စာလုံးကြီး ၈ လုံးကိုသာ တွေ့လိုက်ရပေ၏။

(T/N ; တရုတ်လိုရေးတော့ ၈ လုံးဆိုပေမယ့် မြန်မာလိုရေးတော့ အနီးစပ်ဆုံးရေးတာတောင် နည်းနည်းပိုသွားတယ်။ )

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now