Vol 3 : Chapter 3

3K 638 53
                                    

< Zawgyi >

လင်းရှ သည် မျက်စိဖွင့်ကာ ယုဇီကျွေး ၏ အမူအရာကို ချောင်းမကြည့်ရဲချေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနှင့် လှုပ်ရှားနိုင်သည်လည်း မဟုတ်ပေ။ သူ့အသားကို ဆွဲဆိတ်ကြည့်လျှင်ပင် ဘာမှ ထူးခြားသွားမည်မဟုတ်ပဲ တောင့်တောင့်ကြီး အေးခဲနေသည့်အတိုင်း ဖြစ်နေဦးမှာပင် ဖြစ်လေသည်။

ကံကောင်းစွာပင် ယုဇီကျွေး သည် အဆင့်တက်မလာပဲ သူ့အားနွေးထွေးအောင်သာ ဂရုစိုက်ပေးနေ၏။ သူသည် သိပ်မကြာခင်မှာပင် သူ့လျှာကို ပြန်ထုတ်သွားသည့်အတွက် လင်းရှ သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိပေသည်။ ယုဇီကျွေး ကမူ အခြားဘာစကားမျှမပြောပဲ သူ့ကိုသာ တင်းတင်းဖက်ထားလေ၏။ လင်းရှ သည် တစ်ဖက်လူ၏ အသားနှင့် ထိကပ်နေချိန်တွင် အတော်လေး သက်သောင့်သက်သာ ရှိသည့်အတွက် သူတို့နှစ်ဦး၏ မပြောသင့်သည့် အနေအထားမျိုးဖြင့် ဖက်နေကြသည်ကို မသိချင်ယောင် ဆောင်ထားလိုက်ပြီးနောက် သူသည် မမျှော်လင့်စွာပင် ထိုအနေအထားမျိုးဖြင့် မသိလိုက်မသိဖာသာ အိပ်ပျော်သွားလေတော့၏။

လင်းရှ ပြန်နိုးလာသည့် အခါတွင်မူ သူ့ကိုယ်သူ တစ်ခြားတစ်ဦး၏ အဝတ်မပါသည့်ကိုယ်ပေါ်တွင် ရောက်ရှိနေကြောင်းကို တွေ့လိုက်ရချေသည်။ ချောမွေ့လှသည့် လက်မောင်းတစ်ဖက်သည် သူ့ခါးထက်တွင် ရစ်ပတ်နေကာ သူ့တင်ပါးအောက်တွင် ကျစ်လစ်ကာ သန်မာသည့် ခံစားချက်မျိုးရသော တောင့်တင်းအားကြီးသည့် ခြေထောက်တစ်စုံရှိနေ၏။ နှစ်ဦးသားရှိနေသည့် နေရာမှာ ပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည်တွင် ရေငွေ့များရစ်ဝဲနေရင်း ရေပူစမ်းရောက်နေသည့်ပမာ ခံစားရစေလေသည်။

အိုး၊ ရေပူစမ်း ပဲ ……

အကယ်၍ သူ့ခန္ဓာကိုယ်ကသာ အားမရှိပဲ ပျော့ခွေနေတာ မဟုတ်ဘူးဆိုလျှင် လင်းရှ သည် ချက်ချင်း မတ်တပ်ရပ်လိုက်မိမှာပင်။ သူသည် တကယ့်ကိုပင် အော်ဟစ်ပစ်ချင်လိုက်မိ၏၊ ဘာဖြစ်လို့ သူပြန်ပြီး ကူးပြောင်းလာတဲ့အခါတိုင်း သည်းခံရခက်တဲ့ အနေအထားတွေနဲ့ချည်း ကြုံနေရတာလဲ ?

ယုဇီကျွေး သည် သူနိုးလာကြောင်း သတိထားမိသွားဟန်ရပြီး သူ၏ ကျန်လက်တစ်ဖက်ကို လင်းရှ ၏ ဗိုက်ပေါ်တွင် ရစ်ပတ်ကာ သိုင်းဖက်လိုက်လေရာ စိုစွတ်နေသည့် အရေပြားနှစ်ခုကြားမှ အထိအတွေ့မှာ ချောကျိကာ ကလိကလိဖြစ်စေသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်လာစေပေသည်။ ယင်းမှာ အပေါ်အောက်ရွေ့လျားပြီး ဆေးကြောပေးနေခြင်းသာ ဖြစ်သော်လည်း လင်းရှ သည် သူ၏ လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရပြီး မသိမသာ တံတွေးမျိုချလိုက်မိချေ၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Hikayelerin yaşadığı yer. Şimdi keşfedin