Vol 3 : Chapter 5

2.8K 592 52
                                    

< Zawgyi >

လင်းရှ သည် ထိုကိစ္စကို ထပ်ပြီးမပြောရဲတော့ချေ၊ သူ့နှလုံးသားထဲတွင် ထိုအရာမှာ ပြောမပြတတ်အောင် ကြောက်စရာကောင်းလိမ့်မည်ဟု အလိုလို ယုံကြည်နေမိ၏။ သူတို့နှစ်ဦးကြားက သက်လုံကွာခြားချက်မှာ မိုးနှင့်မြေလိုပင်ဖြစ်လေရာ ထိုသို့သော ကိစ္စမျိုးကိုဆို တွေးရုံနှင့်ပင် သိနိုင်လေသည်။

အကယ်၍ ယုဇီကျွေး ကသာ သူ့ကို စိတ်ရှိသလိုလုပ်ချင်စိတ်ရှိနေမည်ဆိုပါက ထိုသူ၏ လက်တစ်ချောင်းစာကိုပင် သူယှဉ်နိုင်မည်မဟုတ်ကြောင်း လင်းရှ အတပ်ပြောနိုင်ပေ၏။ ယုဇီကျွေး နှင့် အတူတူနေမည်ဟု ပြောသည့်ကိစ္စက တစ်ခုသက်သက်ဖြစ်သော်လည်း တစ်ဖက်လူထံတွင် ဇနီးမယားလို ဆက်ဆံခံရပြီး လှဲချခံရမည့် အရေးကမူ အခြားကိစ္စတစ်ခုဖြစ်လေသည်။

ဘယ်လိုပင်ဖြစ်ဖြစ် သူသည် လက်ခံရမည့်သူနေရာတွင် နေရမည်မှာ သည်းမခံနိုင်စရာကောင်းသည်ဟု ခံစားရပြီး တကယ့်ကို မျက်နှာပျက်စရာ ကောင်းလှချေ၏။

တစ်ညတွင်မူ လင်းရှ သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေပြီး ရုတ်တရက် နွေးထွေးသည့် လက်တစ်စုံမှ သူ့တင်ပါးတစ်ခုလုံးအား နူးညံ့စွာ ပွတ်သပ်နှိပ်နယ်လာသည်ကို ခံစားလိုက်ရလေသည်။ ထိုအပြုအမူကြောင့် သူ၏ ဂန္ဓမာပန်းလေးမှာ ကျုံ့သွားပြီး အောက်ပိုင်းမှလည်း ထောင်မတ်လာရ၏။ သူသည် စိတ်ပါလာသော်လည်း ချက်ချင်း ယုဇီကျွေး ကို ခြေထောက်နှင့်ကန်ပြီး ထွက်ပြေးလိုက်ဖို့ကိုလည်း မလုပ်နိုင်ချေ။

သူသည် ထိုသို့သော ကိစ္စများနှင့် ပတ်သတ်လာသောအခါ အမြဲလိုလို စိတ်ဖိစီးနေရ၏။ လင်းရှ သည် နေ့တိုင်းလိုလိုပင် သူ၏ စိတ်ပူပန်မှုများကို တက်ကြွသည့် အပြုံးအောက်တွင် ဖုံကွယ်ထားရကာ နောက်ဆုံး သူ့စားချင်သောက်ချင်စိတ်များပင် သိသိသာသာ နည်းပါးလာရလေသည်။ သူပြန်သက်သာနေသည့် အချိန်များတွင် ရုပ်ရှင်မကြည့်နိုင်၊ ကွန်ပျူတာဂိမ်းများ မဆော့နိုင်သလို စာအုပ်ဖတ်ဖို့ကိုလည်း ယုဇီကျွေး က ခွင့်မပြုပေ။

လင်းရှ သည် အခြားဘာမျှမလုပ်နိုင်ပဲ သူတို့လုပ်ကြမည့် ကိစ္စကိုသာ ထပ်ခါထပ်ခါ စိတ်ပူနေမိပြီးနောက် တစ်ဖန်သံသရာလည်ကာ စားချင်စိတ်များ ပျောက်သွားရပြန်၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now