Vol 1 : Chapter 29

4.2K 812 97
                                    

<Zawgyi>

ချွေ့ထျန်းချန် သည် ရှန်ခိုင် ၏ အမူအရာကို တွေ့သောအခါ ဖြောင့်မတ်သည့် ဟန်ပန်နှင့်ပင် ဆိတ်ဆိတ်နေနေပေ၏။ ရှန်ခိုင် ၏ နှလုံးသားမှာ သူ့သားဖြစ်သူ၏ ဆိုးရွားလှသည့် သေဆုံးပုံကြောင့် နာကျင်နေဆဲဖြစ်ကာ သူ၏ ဂုဏ်ပကာသနများကိုပင် ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ပြီး ရဲရဲနီသော မျက်လုံးများဖြင့် ရန်ဆောင်လိုဟန် ပြောလာပေသည်။

" ဒါဆို ဂိုဏ်းချုပ်ဖုန်း၊ ဒါကိုကျ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်လဲ ? ငါ့ရဲ့ ယန်အာ ကို အလကားသက်သက် သေခိုင်းလိုက်မယ်လို့တော့ လာမပြောနဲ့နော်။ "

ဖုန်းစူးမင် သည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်ဖြေလာ၏။

" ညီလေးရှန် က အထင်လွဲနေပါပြီ၊ သေချာပေါက် အဲ့လိုမျိုးပြောတာမဟုတ်ပါဘူး။ ဘာလို့ ဒီလိုမလုပ်တာလဲ။ ဒီကောင်လေးကို ကြာပွတ်အပြစ်ဒဏ် ခံယူခိုင်းပြီးတော့ ဆယ်ရက်ကြာလို့မှ သူအသက်ရှင်နေသေးတယ်ဆိုရင် အဲ့ဒါက သူ့ရဲ့ ကံကြမ္မာကောင်းလို့ သတ်မှတ်လိုက်သင့်တယ်မလား။ ညီလေးရှန် ကော ဘယ်လိုထင်လဲ ? "

သံသယဝင်ဖို့ မလိုစွာပင် ထို ကြာပွတ်အပြစ်ဒဏ် မှာ ကြားရသည့်နာမည်လောက် ရိုးရှင်းမနေချေ။ ယင်းမှာ အနည်းဆုံး အဆင့် ၃ သားရဲ၏ သားရေဖြင့် ပြုလုပ်ထားသော ကြာပွတ်ဖြစ်ကာ အပြစ်ဒဏ်ခံရမည့် တပည့်သည် တစ်နေ့လျှင် ဆယ်ကြိမ် ကြာပွတ်ဒဏ်ကို ခံရပြီး ဆယ်ရက်ဆက်တိုက် အပြစ်ဒဏ်ခံယူရပေသည်။ အရေးအကြီးဆုံးကမူ ထိုသူသည် ယင်းဆယ်ရက်လုံးလုံး ကျစ်ကျစ်တောက်ပူသည့် နေပူအောက်တွင် နေရမည်ဖြစ်ကာ စားခွင့် သောက်ခွင့်လည်း မရှိချေ။

မှန်မှန်ပြောရလျှင် လူအတော်များများသည် ထိုအပြစ်ဒဏ်အား အဆုံးအထိ မခံစားနိုင်ကြပဲ သုံးရက်မတိုင်မီမှာပင် ပူလောင်လှသည့် နေအောက်တွင် သူတို့၏ အသက်အား လက်လွှတ် အရှုံးပေးလိုက်ကြရသည်ချည်းပင်။

တစ်ဖက်တွင် ဖုန်းစူးမင် သည် ယင်းအား ယွင်ရှောက် မြို့ကို မျက်နှာသာပေးရန် ရည်ရွယ်ခြင်းဖြစ်သလို အခြားတစ်ဖက်တွင်လည်း ထိုလူငယ်လေးအား အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးနေသည်ဟုလည်း သတ်မှတ်၍ ရပေသည်။ အကယ်၍ ထိုကောင်လေးသာ ဤပြစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်မည်ဆိုပါက ထိုသည်မှာ သူ၏ လေးစားစရာကောင်းသည့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြနေသလို ထူးခြားသည့် ပို ခွန်အားကို ပိုင်ဆိုင်ထားသော သူတစ်ဦးဖြစ်ကြောင်းကိုလည်း သက်သေပြပေလိမ့်မည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now