Vol 3 : Chapter 2

2.9K 670 39
                                    

< Zawgyi >

အအေးဒဏ်မှာ သည်းခံ၍မရနိုင်တော့လောက်သည်အထိ ဆိုးရွားလှပြီး သူ၏ အတွေးများကိုပင် ခဲသွားစေသလား မှတ်ရ၏။ လင်းရှ သည် မရပ်မနား တုန်ယင်နေရကာ ယခုအချိန်တွင် ထိုနေရာမှ အလျှင်အမြန်ထွက်ခွာဖို့ကလွဲ၍ ဘာမျှမလိုချင်တော့ချေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အားနည်းလှပြီး ခွန်အားအနည်းငယ်မျှကိုပင် မထုတ်နိုင်ပေ။ သူ၏ လက်ချောင်းများသည် တောင့်ခဲနေသလို သူ့ကိုယ်သည်လည်း မည်သို့ပင်ကြိုးစားကြိုးစား ကွေးဆန့်၍ မရပဲ ဖြစ်နေရလေသည်။

လင်းရှ သည် အားအတော်လေးစိုက်ထုတ်ကာ ပါးစပ်ဖွင့်ပြီး အော်ဟစ်ရန် ကြိုးပမ်းလိုက်၏။ သူ၏ နှုတ်ခမ်းများသည် ခေတ္တမျှ လှုပ်ရှားသွားသော်လည်း မည်သည့်စကားသံမျှ ထွက်မလာနိုင်ပဲ ဖြစ်နေရပေသည်။ သူ့တစ်ကိုယ်လုံးမှာ ရေခဲနေသည့်ပမာ ဖြစ်နေကာ မျက်လုံးများသာလျှင် ဟိုဟိုသည်သည် ရွေ့လျားနိုင်ချေ၏။ သူ၏ ပတ်ပတ်လည်မှာ တိတ်ဆိတ်လွန်းလှကာ မသိလျှင် ဘုရားသခင်မှပင် ဤနေရာတည်ရှိနေကြောင်း မေ့လျော့သွားသကဲ့သို့ အသံတစ်သံကိုမျှ မကြားရနိုင်ပေ။

တစ်ယောက်ယောက်များ ရှိနေလား ?

တစ်ယောက်ယောက်လောက် ?

ဟောဒီက ငါကိုယ်တော်မြတ်က အခုပဲ အေးခဲပြီး သေရပါတော့မယ် !

သူ့မှာ မျက်လုံးများ ကျွတ်ထွက်မတတ် ငိုဖို့ကိုသာ တတ်နိုင်ချေသည်။

လင်းရှ သည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရလိုက်မိပြီးနောက် ဝိဉာဉ်စွမ်းအားနှင့် စွမ်းအင်ဒြပ်စင်များကို စုစည်းကြည့်လိုက်သော်လည်း ယင်းတို့မှာ အနည်းငယ် သိပ်သည်းလာသည်နှင့် ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ မရီဒန်များမှာလည်း လုံးဝဗလာဖြစ်နေလေရာ သူသည် ငိုရင်းငိုရင်း နောက်ဆုံး ရက်စက်လှသည့် အအေးဒဏ်ကြောင့် ဆက်မငိုနိုင်တော့သည်အထိ ငိုဖို့ကိုသာ တတ်နိုင်ချေတော့၏။

ဘေးပတ်လည်နေရာတိုင်းတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေပြီး အတွင်းဖက်မှာ ဂူအတွင်းပိုင်းနှင့် ခပ်ဆင်ဆင် တူသည် …… အရင်တစ်ခေါက်က သူ့ကို မျက်နှာဖုံးတပ် လူကြီးမင်း ကယ်ပေးခဲ့တာ၊ ဒီတစ်ခေါက်ကော သူပဲ ကယ်ပေးခဲ့တာလား ? ယုဇီကျွေး ကော ဒီမှာပဲလား ? နောက်ထပ် အချိန်လေးနှစ်ကို ထပ်ကျော်သွားပြန်တာတော့ မဟုတ်လောက်ပါဘူးနော် ?

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Onde as histórias ganham vida. Descobre agora