Vol 2 : Chapter 5

3.7K 861 120
                                    

<Zawgyi>

" ကောင်းတယ်။ မင်း ငါ့ကို မလိမ်သွားဘူးပဲ၊ မဟုတ်ရင် …… "

ယုဇီကျွေး သည် နောက်ဆုံးမှာတော့ စကားသံထွက်လာသော်လည်း စကားလုံးတိုင်းမှာ သွားကြားထဲမှ ထွက်လာသည့်လေသံဖြစ်ကာ မသိမသာ တုန်လှုပ်နေမှုလည်း အနည်းငယ် ပါနေသေးလေသည်။

ယခင်က ကောင်ငယ်လေး၏ မူလ ကျွတ်ဆတ်ဆတ်ဖြင့် နားထောင်ကောင်းသည့် အသံမှာ ယခုအခါတွင် အရွယ်ရောက်စပြုနေပြီဖြစ်သည့် ဆယ်ကျော်သက်တစ်ဦး၏ ခပ်သြသြ အသံမျိုးသို့ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ထိုအသံမှာ တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ပျော့ပြောင်းသွားစေနိုင်ပေသည်။

မဟုတ်ရင်ဘာလဲ ? မင်းက စာအုပ်ထဲကလို ကမ္ဘာကြီးကို ဖျက်ဆီးဦးမလို့လား ?

လင်းရှ သည် တုံ့ဆိုင်းမနေပဲ အလျှင်အမြန် ပြန်ပြောလိုက်၏။

" အစ်ကိုက မင်းကို ဘယ်တော့မှ ညာမှာ မဟုတ်ဘူး။ "

သူသည် ယုဇီကျွေး ၏ ကျောကို ပွတ်ကာ ချော့မော့ပေးနေရင်း ကြီးမြတ်သည့် ဗီလိန်ဖြစ်သူ၏ နောက်ဆုံးသောစကားကို သတိရသွားရသည်။ သည်ကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခေါင်းကလဲ မာသေးတော့ လမ်းလွဲသွားဖို့ အရမ်းလွယ်နေရတာပဲ …

ပြီးတော့ ဒီလို ဖက်နေတာက တော်တော်လေး ကြာနေပြီလိုပဲနော် ? ……

လင်းရှ သည် သူ၏ လက်ကို ဖြေကာ ကျောမတ်မတ်ထားရန် လုပ်လိုက်သော်လည်း တစ်ဖက်သူကမူ သူ့အား မလွှတ်တမ်းဖက်ထားဆဲဖြစ်ပေ၏။ သူ့လှုပ်ရှားမှုကို အာရုံခံမိသောအခါ ယုဇီကျွေး သည် ဖက်ထားသည်ကို အနည်းငယ်လျော့လိုက်ပြီး အနေအထားပြောင်းကာ ဆက်ဖက်နေလေတော့၏။

" …… "

ဘယ်လိုလုပ်ပြီး ၄ နှစ်အတွင်းမှာ ဒီကလေးက ဒီလောက် လူကပ်တတ်သွားရတာတုန်း ?

ဟး ဟေး၊ ဘယ်လိုလုပ်ပြီး ဒီလို ခံစားလွယ်တဲ့ ဆယ်ကျော်သက်လေးက ဗီလိန်ဘော့စ် ဖြစ်လာနိုင်မလဲ ? အဲ့ဒီ သောက်စာရေးဆရာက တစ်ခုခုမှားလုပ်ထားတာပဲ မလား ?

ကြည့်ရတာတော့၊ သူ့အတွက် လေးနှစ်တာမှာ မျက်စိတစ်မှိတ်စာမျှလောက်သာ ရှိသော်လည်း ထိုကလေးတွေအတွက်မူ အချိန်အကြာကြီး ခွဲခွာခဲ့ရကာ နောင်တ နှင့် အပြစ်မကင်းမှုတို့ကို ခံစားခဲ့ရမှာပင် …… လင်းရှ သည် ယုဇီကျွေး အား သူ၏ ရင်ခွင်ထဲသို့ ပြန်သွင်းကာ ဖက်လိုက်ပြီး ခပ်ဖွဖွ သက်ပြင်းချလိုက်မိ၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now