Vol 1 Chapter 6

4.4K 909 32
                                    

<Zawgyi>

သူတို့သုံးဦးသားသည် ဆက်လက်ခရီးထွက်ခဲ့ကြရာ ချုန်းမင် မြို့တော်နှင့် နီးကပ်လာသည်နှင့်အမျှ လမ်းများမှာ ပိုမိုကျယ်ဝန်းပျံ့ပျူးလာလေသည်။ အခြားသော လူငယ်လူရွယ် ခရီးသွားများမှာလည်း ပို၍ များပြားလာကာ သူတို့အားလုံးသည် ရှာက်ယန် ဂိုဏ်းတွင် စာရင်းပေးသွင်းရန်အတွက် လာရောက်ကြသူများဖြစ်ကြောင်း သိသာလှပြီး ထိုသူများတွင် တောက်တောက်ပြောင်ပြောင်ရှိပြီး ဈေးကြီးသည့် အဝတ်အစားများ ဝတ်စားထားသည့် ကလေးငယ်များလည်း အမြောက်အမြား ပါရှိလေသည်။

လမ်းမ တစ်ဖက်တစ်ချက်တွင်မူ လက်ဖက်ရည် ဆိုင်ငယ်လေးများကို တစ်ခါတစ်ရံ တွေ့ရတတ်သော်လည်း ထိုဆိုင်များမှ ရောင်းချသည့် လက်ဖက်ရည်နှင့် စားစရာများသည် အခြားနေရာများထက် သုံးလေးဆမက ပို၍ များနေလေသည်။ လင်းရှ သည် ဈေးနှုန်းများကို မြင်လိုက်သည်နှင့် ဘာကိုမျှ မထိရဲတော့ပေ။ ကံမကောင်းစွာပင် အနီးအနားတွင် မြစ်များချောင်းများ မရှိသောကြောင့် လင်းရှ သည် ရေငတ်ပြေစေရန် လက်ဖက်ရည်တစ်ခွက် ဝယ်မသောက်မိအောင် ကိုယ့်စိတ်ကိုယ် ကြိုးစားထိန်းချုပ်နေရသည်။ သို့သော် အဆုံးတွင်မူ သူ၏ ကျန်နေသေးသည့် ပိုက်ဆံလေးများမှာလည်း သူတို့ကို စွန့်ခွာသွားလေတော့သည်။

သူတို့ ချုန်းမင် မြို့တော်၏ နယ်နိမိတ်အနီးသို့ ရောက်သောအခါ လင်းရှ သည် အနည်းငယ် အကြပ်ရိုက်သွားရသည်။ မြို့၏ ပတ်ပတ်လည်တွင် ကီလိုမီတာ အနည်းငယ်ခန့်အထိ ကျယ်ဝန်းကာ လှိုင်းကြပ်ခွပ်များ ပြေးနေသည့် ရေကန်ကြီးရှိနေပြီး ကမ်းစပ်နားတွင်မတော့ အငယ်စားနှင့် အလတ်စား အရွယ် လှေငယ်လေးများ မရေမတွက်နိုင်အောင် ရှိနေသည်။ ဈေးနှုန်းကို မေးကြည့်လိုက်သောအခါတွင်မူ လင်းရှ သည် ပြောစရာစကားပင် မထွက်လာတော့ချေ။ ထိုလှေငယ်များမှာ လူတစ်ယောက်လျှင် အဆင့် ၁ စွမ်းအင်ကျောက်တုံး ၁၀ တုံး ကျသင့်သည်။ အကယ်၍ သူတို့ အဝတ်အစားများ မဝယ်ခဲ့မိလျှင်တော့ ထိုအတိုင်းအတာကို ပေးနိုင်သေးသည်......

ဆုန်းရှောင်ဟူ သည်လည်း မကြံတတ်တော့ပဲ မသိလိုက်မသိဘာသာနှင့် လင်းရှ ကို ခေါင်းမော့ကြည့်လိုက်မိသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now