Vol 3 : Chapter 11

3K 524 59
                                    

< Zawgyi >

ရှက်ရွံ့စိတ်ကြောင့် လင်းရှ သည် ခေါင်းကိုသာ ငုံ့ထားမိပြီး ယုဇီကျွေး ကို မော့ကြည့်ဖို့အတွက် သတ္တိမရှိချေ။ သူငုံ့ကြည့်လိုက်မိသောအခါ သူတို့နှစ်ဦး၏ ပူးကပ်ထိတွေ့နေသည့်နေရာကို မမြင်မဖြစ် မြင်နေရတော့၏။ သူ၏ မျက်နှာမှာ နီရဲတက်သွားကာ အလျှင်အမြန်ပင် မျက်လုံးပိတ်လိုက်မိပေသည် __

အထက်ပုဂ္ဂိုလ်နေရာကိုတော့ လုံးဝအလျော့မပေးနိုင်ဘူး !

သူ့လက်ထဲရှိအရာများမှာ တစ်ဖြည်းဖြည်း ကြီးထွားလာကာ ယင်းတို့မှာ သူ့နှလုံးခုန်သံအတိုင်း တဒုတ်ဒုတ် ခုန်နေသည်ကို ခံစားရနိုင်ချေသည်။ ၎င်းမှာ ပူနွေးလွန်းလှသဖြင့် သူဆက်၍ မကိုင်နိုင်တော့သလောက်ပင်။

သူ၏ အသက်ရှုနှုန်းမှာ လက်လှုပ်ရှားမှုနှင့်အတူ တဖြည်းဖြည်း အသားကျလာလေ၏။ လင်းရှ ၏ ပိန်သွယ်အားနည်းသည့် ရင်ဘတ်မှာ နိမ့်လိုက်ကျလိုက်ဖြစ်ကာ နှုတ်ခမ်းများမှာလည်း အစိုဓာတ်ဖြင့် တောက်ပနေလေတော့သည်။ သူသည် တစ်ပိုင်းတစ်စ ထွက်လာသည့် ညည်းသံများကို ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့ချေ။ သူဝန်မခံချင်သော်လည်း လက်ရှိဖြစ်ပျက်နေသည်မှာ အတိတ်တုန်းက တစ်ခေါက်ထက် ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလေသည် ……

ယုဇီကျွေး ၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားကာ အူကြောင်ကြောင်ပုံပင် ပေါက်နေရလေ၏။ သူ့အကြည့်မှာမူ လင်းရှ ၏ မျက်နှာပေါ်တွင်သာ မခွာတမ်းရှိနေပေသည်။

သူသည် သူ့ရှေ့ရှိ နူးညံ့ကာ သိုသိပ်သည့် ပုဂ္ဂိုလ်ထံတွင် ဤသို့သော စိတ်အားထက်သန်သည့် ဘက်ခြမ်းမျိုး ရှိလိမ့်မည်ဟု တစ်ခါမျှမမျှော်လင့်ခဲ့မိဖူးချေ။

လက်ရှိတွင် ထိုပိန်သွယ်ဖျော့တော့သည့် ခြေတံရှည်များသည် ယုဇီကျွေး ကိုယ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပြန့်ကားနေကာ လင်းရှ သည် သူ့ခါးသူ ရှေ့သို့ပစ်ဆောင့်နေမိမှန်းပင် သတိမထားမိပဲ သူ၏ ကြည့်ကောင်းလှသည့်မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲနေပြီး ဖော်ပြ၍မတတ်နိုင်လောက်အောင် ဆွဲဆောင်မှုအားတို့ကို ထုတ်လွှတ်နေချေတော့သည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Onde as histórias ganham vida. Descobre agora