လင်းရှ သည် ဒရာမာဇာတ်လမ်းတွဲ အတော်များများကို ကြည့်ဖူးလေရာ ထိုသစ်သားချောင်းသည် အပြစ်ပေးတုတ်နှင့် အဆက်မပြတ်ရိုက်နေစဉ် သတိလစ်ပြီး ကိုယ့်လျှာကိုယ် ကိုက်မိသွားမည်စိုးသည့်အတွက် ပေးထားခြင်းဖြစ်ကြောင်းကို နားလည်လိုက်၏။ သူသည် ယွမ်ဟွေ့ အား ပြန် ပြုံးပြလိုက်သော်လည်း ရင်ထဲတွင်မူ ကြောက်ရွံ့တုန်လှုပ်နေကာ ယင်းသစ်သားချောင်းကို ဖိကိုက်လိုက်မိပေသည်။
Fuck ! ငါက ဘာလို့ QD ဇာတ်လိုက် ဖြစ်မနေရတာလဲ !
(T/N; ရှေ့အပိုင်းမှာပါတဲ့ ချီ-တျန့် ကိုပဲပြောတာပါ)
ပထမတစ်ချက် ရိုက်ချလိုက်သောအခါ လင်းရှ ၏ ကျောပြင်တစ်ခုလုံး လေထဲသို့ ခုံးတက်သွားပြီး မျက်ရည်များကပါ အလိုအလျောက် အဆက်မပြတ်ပင် ကျလာတော့၏။ သူ့တစ်ကိုယ်လုံး တုန်ခါနေကာ လည်ချောင်းထဲတွင် အော်သံများက တစ်ဆို့နေပြီး အပြင်သို့ပင် ထွက်မလာနိုင်ချေ !
ယီး ! ငလူးတွေပဲ သေတော့မလို နာတယ် !
သူငယ်စဉ်ကလေးဘဝတုန်းက ဆိုးသည့် အခါမျိုးများတွင် ဟိုအဖိုးကြီး ရိုက်တာကို အမြဲခံရသော်လည်း ဤသည်နှင့် ယှဉ်လိုက်သော အခါတွင်မူ ထိုရိုက်ချက်များမှာ သူ့အား ဂရုတစိုက်နှင့် ညင်ညင်သာသာ ရှိလွန်းလှသည်ပင်။
သူသည် ပထမရိုက်ချက်မှ နာကျင်မှုများ မသက်သာသေးခင်မှာပင် ဒုတိယ၊ ထို့နောက် တတိယ ရိုက်ချက်များသည် တစ်ချက်ပြီးတစ်ချက် ပြင်းထန်စွာပင် ကျရောက်လာတော့သည် !
လင်းရှ သည် ရုန်းကန်ကာ ထိုရိုက်ချက်များမှ လွတ်အောင် ကြိုးစားသော်လည်း တစ်ယောက်ယောက်သည် သူ့အား နေရာတွင် မြဲနေစေရန် အသေအချာချုပ်ထားသည့်အတွက် ရုန်း၍မရပဲ ဖြစ်နေပေသည်။ ရိုက်ချက်များသည် အဆက်မပြတ်ကျဆင်းလာကာ သူ၏ တင်ပါး၊ ခြေသလုံးနဲ့ ကျောပြင်များကို အညှာအတာကင်းကင်း ထိခတ်လာပြီးနောက် သူ့နောက်ကျောဖက်ရှိ အကျီတစ်ခုလုံးမှာ သွေးများဖြင့် စွေးစွေးနီသွားရတော့သည်။
ဆယ့်ငါးချက်မြောက် အပြစ်ဒဏ်ရိုက်ချက်ကျရောက်လာသောအခါတွင်မူ လင်းရှ ၏ မျက်နှာတစ်ပြင်လုံးမှာ စက္ကူတစ်ရွက်အလား ဖြူဆုတ်နေကာ ခန္ဓာကိုယ်မှာလည်း ရေထဲမှတက်လာရသည့်အတိုင်းပင် ချွေးများဖြင့် ရွှဲနစ်နေပေသည်။ သူ၏ မျက်လုံးများသည် ခုနက ခံစားခဲ့ရသည့် သေလုမြောပါး အခြေအနေကြောင့် အသက်မရှိတော့သကဲ့သို့ ဝေဝါးနေကာ အသက်ကိုလည်း မျှင်းမျှင်းသာ ရှုနိုင်ပေလေသည်။ ထိုသို့ ဖြစ်နေသော်လည်း သူသည် မရရအောင် အားတင်းထိုင်ကာ ကွမ်ရှုဇီ အား အရိုအသေပေးလိုက်ရင်း
ESTÁS LEYENDO
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasíaType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Comenzar desde el principio
