ကွမ်ရှုဇီ သည် ကျေနပ်သွားဟန် ခပ်ဟဟရယ်လိုက်ပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ယခုကဲ့သို့ အားနည်းသည့် ကလေးတစ်ဦးမှ ကြိမ်ဒဏ်အချက်သုံးဆယ်ကို ခံရပြီးပါက သေလျှင်သေ၊ မသေလျှင်လည်း ဒုက္ခိတ ဖြစ်သွားမှာပင်။ ပြီးတော့ ဒါက သူ့ဂိုဏ်းကို ရောက်တဲ့ ဒုတိယနေ့ပဲ ရှိသေးတာဆိုတော့ သူ့ရဲ့ အထက်လူကြီးတွေက မေးလာတဲ့အခါမျိုးမှာ ဖြေရှင်းရ ခက်ပေလိမ့်မည်။ သို့သော်လည်း သူသည် ရှုယန် ထံမှ စွမ်းအင် ငွေတုံး ၂၀၀၀ ကို သီးသန့် လက်ခံထားပြီး ဖြစ်လေရာ ယခုကိစ္စကို အလွယ်တကူ မလွှတ်ပေးနိုင်ချေ ......
ကွမ်ရှုဇီ သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် လင်းရှ အား အင်မတန်မှ အလျော့ပေးထားသည့် လေသံဖြင့်
" မင်းက မရင့်ကျက်သေးတာရော၊ ဒါက မင်း ပထမဆုံး ကျူးလွန်တဲ့ အပြစ်ဖြစ်တာရောကို ထောက်ပြီး မင်းရဲ့ အပြစ်ဒဏ်ကို တစ်ဝက်တိတိ လျှော့ပေးလိုက်မယ်။ ယွမ်မင်၊ ယွမ်ဟွေ့၊ မင်းတို့တွေ ဘာကို အချိန်ဆွဲနေကြသေးတာလဲ ? "
သစ်သားခုံတန်းရှည်တစ်ခုသည် လင်းရှ ၏ နောက်နားတွင် ရောက်နေပြီဖြစ်သည်။ လင်းရှ သည် ထိုခုံတန်းကို မှီကာထောင်ထားသော ကြီးမားလှသည့် အပြစ်ပေးတုတ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှုကာ ယင်းသစ်သားခုံတန်းပေါ်တွက် မှောက်လျက် လှဲအိပ်လိုက်တော့သည်။
ယိ ပဲ ! နောက်ကျရင် ဒီကိစ္စကို ရအောင်ပြန် လက်စားချေပြမယ် !
ယွမ်ဟွေ့ သည် လင်းရှ ၏ ပါးစပ်ထဲသို့ သေးငယ်သည့် သစ်သားချောင်းတစ်ခုကို ထည့်ပေးပြီးနောက်
" ဂိုဏ်းတူညီလေး လင်း၊ အစ်ကို့ကို စိတ်မရှိပါနဲ့။ "
တိုးတိတ်စွာပြောလိုက်ပေသည်။
သူသည် ကွမ်ရှုဇီ မှ လာဘ်စားပြီးနောက် လင်းရှ အတွက် တမင်တကာ ခက်ခဲရအောင် လုပ်နေမှန်းသိသော်လည်း ယင်းမှာ သူနှင့်မပတ်သတ်သလို သူလျှောက်ပြော၍ ရသည့် ကိစ္စမျိုးလည်း မဟုတ်ချေ။ ထို့ထက်ပိုအရေးကြီးသည်မှာ လာဘ်ပေးသည့်သူသည် ဂိုဏ်း၏ ကျော်ကြားလှသည့် ဓားကျင့်ကြံသူ အကြီးအကဲ မော့ယွမ်ဇီ ၏ တပည့်ဖြစ်နေလေရာ ထိုသူအား ကွမ်ရှုဇီ ထက်ပင် ပိုကြောက်ရလေသည်။ သူသည် ဤကောင်လေး၏ ဂိုဏ်းထဲသို့ ရောက်ရောက်ချင်းမှာပင် ထိုသို့ ရက်စက်ကာ အန္တရာယ်ရှိလှသည့် သူမျိုးကိုမှ ရန်သွားစမိလေသော ဆိုးရွားလှသည့် ကံကိုသာ အပြစ်တင်မိလိုက်တော့သည် ......
VOCÊ ESTÁ LENDO
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasiaType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Começar do início
