အသက်နှစ်ဆယ်ခန့်မျှ ရှိသည့် လူငယ်လေးတစ်ဦးသည် ရှေ့သို့ ထွက်လာကာ ထို စည်းကမ်းကို ကျယ်လောင်ကာ ပြတ်သားလှသည့် အသံဖြင့် တစ်လုံးချင်း ရွတ်ပြလာပေသည်။
" ဂိုဏ်းသား တစ်ဦးကနေပြီး အကြီးအကဲတွေအပေါ် မထီလေးစားလုပ်ခဲ့ရင် ကြိမ်ဒဏ် အချက်သုံးဆယ် အပြစ်ပေး ခံရမယ်။ "
လင်းရှ သည် ထိတ်လန့်သွားကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားရ၏။ မူလတွင်မူ သူသည် ယခုပြဿနာမှာ ဂိုဏ်းစည်းကမ်းများကို ကူးခိုင်းရုံမျှလောက်ဖြင့် ပြီးသွားမည်ဟု ထင်ခဲ့မိသည်။ ဇာတ်လိုက်သည် အပြစ်ပေးခံရသည့် အခါတိုင်း ပင်ပန်းသည့် အလုပ်များကို လုပ်ခိုင်းခံရကာ တစ်ခါတွင်မူ ဂိုဏ်းစည်းကမ်းများကို ကူးရန် အပြစ်ပေးခံခဲ့ရဖူးပေသည်။ ဆုန်းရှောင်ဟူ သည် စာမသင်ဖူးလေရာ သူ၏ မျက်စိစုံမှိတ် ကူးရေးခြင်းသည် ထင်သလို ရလဒ်မကောင်းခဲ့ကြောင်းကို ရေးထားလေသောကြောင့် လင်းရှ သည် ဝတ္ထု၏ ထိုအပိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခြင်းဖြစ်၏။
ငလူးပဲ ! သူ့အလှည့်ကျမှ အပြစ်ဒဏ်က တင်ပါးကို အပြစ်ပေးတုတ်နဲ့ အရိုက်ခံဖို့ ပြောင်းသွားတယ်တဲ့လား ! ဒီဖေ ** တစ်စက်ကလေးမှ ကံမကောင်းတဲ့ အမြောက်စာဇာတ်ကောင် ပဲဟေ့ !
လင်းရှ သည် အလွန်အမင်းစိတ်ဆင်းရဲနေကာ လက်ရှိ အခြေအနေအရ ကွမ်ရှုဇီ အား ပြန်ပြီး ပြောလျှင်လည်း သည့်ထက် ပိုဆိုးသွားဖို့သာ ရှိချေသည်။ တကယ့်တကယ်တွင်မူ " အကြီးအကဲများကို မထီလေးစား လုပ်ခြင်း " ဆိုသည်မှာ လိုသလို ဆွဲယူ၍ ရနေလေရာ ...... လင်းရှ သည် ခေါင်းကို ငုံ့ရင်း သနားစရာကောင်းသည့် အသံဖြင့် ရှင်းပြလိုက်ပေသည်။
" ဒီတပည့်က တုံးအမိပါတယ်၊ နောင် ဘယ်တော့မှ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး ! ကျွန်တော် ဆရာဦးလေးရဲ့ သင်ပြမှုတွေကို စိတ်ထဲထည့်ထားပြီး ဂိုဏ်းတူ အစ်ကိုကြီးတွေဆီကလည်း သိသက့်တာတွေကို အမြဲတမ်း မေးမြန်းပါ့မယ်။ ဂိုဏ်းစည်းကမ်းတွေကို ထပ်မမေ့စေရပါဘူး ! ထပ်ပြီးတော့လည်း ဒီလိုအမှားမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး ! "
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Start from the beginning
