" ဘယ်လိုတောင် သတ္တိတွေ ရှိနေတာလဲ ! အစားအစာတွေကိုတောင် ခိုးဝှက်ပြီးစားတတ်နေတယ်ပေါ့လေ ! "
လင်းရှ သည် သူတို့နှစ်ဦးနောက်မှ လိုက်သွားပြီးနောက် တောင်အောက်သို့ ရောက်သောအခါတွင်မူ ကွမ်ရှုဇီ သည် အဓိကဟောခန်းမကြီး၏ ရှေ့တွင် ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ခြေချိတ်ကာထိုင်နေသည်ကို တွေ့လိုက်ရတော့သည်။ အခြားသော ဂိုဏ်းသားအနည်းငယ်သည်လည်း ထိုအနီးအနားတွင် စုဝေးနေကြနေလေရာ လင်းရှ ၏ " ခိုးဝှက်ကာ စားသောက် " သည် ပြစ်မှုကြီးကို သိပြီးကြဟန် တူလေသည်။ ကြည့်ရသည်မှာ ယွမ်ဟွေ့ သည် သူတို့ တောင်ပေါ်မှ ဆင်းလာသည့် အချိန်ကတည်းက ဆက်သွယ်ရေး အဆောင်ဖြင့် လှမ်းသတင်းပို့ထားပုံ ပေါ်သည်။
သူတို့ သုံးဦး ရောက်လာသည်ကို တွေ့သောအခါ ကွမ်ရှုဇီ သည် လက်ထဲမှ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး သရော်သည့် လေသံဖြင့် ပြောလာ၏။
" ကောင်းတယ် ! သိပ်ကောင်းတယ် ! ငါ့ရဲ့ မသေမျိုး ဧည့်မျှော်စင် မှာ မင်းလိုမျိုး ကိုယ့်ကိုယ်အထင်ကြီးပြီး အတင့်ရဲလွန်းတဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ! မင်း ဒီ မသေမျိုး ဧည့်မျှော်စင် ရဲ့ ဆယ့်သုံးချက်မြောက် ဂိုဏ်းစည်းကမ်းကိုကော သိလား ? "
လင်းရှ သည် ဒူးထောက်ရန် ဖိအားပေးခံလိုက်ရပြီးနောက် ထိုစကားကို ကြားရသောအခါတွင်မူ ရင်ထဲမှ နာကျင်သွားရကာ ကွမ်ရှုဇီ အား တည့်တည့်ကြည့်ရင်း ပြန်ဖြေလိုက်၏
" ဒီတပည့်က မနေ့ကမှ ရောက်တာ ဖြစ်တဲ့အတွက် ဂိုဏ်းရဲ့ စည်းကမ်းတွေကို မသိသလို ဂိုဏ်းတူအစ်ကိုကြီးတွေကလည်း မရှင်းပြပေးရသေးတဲ့အတွက် ကျွန်တော့ကို ရှင်းလင်းပြောပြပေးဖို့ ဆရာတူဦးလေးကိုပဲ အနှောင့်အယှက် ပေးပါရစေ။ "
ကွမ်ရှုဇီ သည် တစ်ချက်ရယ်လိုက်ကာ ဒေါသထွက်သည့် လေသံဖြင့်
" အော်၊ ငါက မင်းကို မတရား နှိပ်စက်နေပါတယ်လို့ မင်းက ပြောချင်နေတာလား။ ယွမ်ရှင့်၊ မင်းရဲ့ ဆရာတူ ညီလေးကို ဂိုဏ်းရဲ့ ဆယ့်သုံးချက်မြောက် စည်းကမ်းကို ဖတ်ပြပြီး ဘယ်တော့မှ မမေ့သွားအောင် ကူညီပေးလိုက် ! "
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Start from the beginning
