သူက ငါးကင်နံ့ရလို့ လာတာများလား ?
လင်းရှ သည် ထိုသို့ တွေးမိလိုက်၏။
လင်းရှ သည် စကားပြောဖော်မရှိ၍ တစ်ယောက်ထဲ အထီးကျန်နေသည်နှင့် အတော်ပင်ဖြစ်သွားကာ ချက်ချင်းပင် လက်ထဲမှ ငါးကင်၏ တူးနေသောအရေခွံကို ဖယ်လိုက်ပြီးနောက် ကောင်းကောင်းကျက်နေသည့် အတွင်းသားများကို ထုတ်လိုက်ပြီး
" ဒီနားကိုလာခဲ့ပါဦး။ "
ဟု ပြုံးပြရင်း လက်ယပ်ခေါ်လိုက်ပေသည်။
သို့သော်လည်း ထိုအကောင်လေး၏ ကြီးမား လုံးဝန်းနေသည့် မျက်လုံးများသည် သူ့အား အဖတ်မတန်သည့်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်လေရာ ထိုအကောင်လေးမှာ ဉာဏ်ရည်မနိမ့်လှကြောင်း သိနိုင်ပေသည်။ လင်းရှ သည် ထိုအမူအရာကို အူကြောင်ကြောင်နှင့် စိုက်ကြည့်နေမိ၏။ ထူးဆန်းစွာပင် ယင်းအကောင်ပေါက်လေး၏ အပြုအမူသည် သူ့အား ယုဇီကျွေး ၏ အမူအရာကို အမှတ်ရသွားစေလေရာ သူသည် ရင်ထဲတွင် တိတ်တိတ်လေး ရယ်မောလိုက်မိတော့သည်။
ထိုအချိန်မှာပင် လင်းရှ သည် သူ၏ အနောက်ဖက်မှ ခြေသံများ ထွက်ပေါ်လာရာ ထိတ်လန့်ပြီး လှည့်ကြည့်လိုက်မိပေသည်။ သူနှင့် မဝေးလှသည့်နေရာတွင် ယွမ်ဟွေ့ နှင့် အခြားတပည့်တစ်ဦးဖြစ်သည့် ယွမ်မင် တို့သည် သူ့ဆီသို့ ဦးတည်လျှောက်လာသည်ကို တွေ့လိုက်ရသောအခါ လင်းရှ သည် အလျှင်အမြန်ပင် မတ်တပ်ထရပ်လိုက်မိတော့၏။ ထိုအခိုက်မှာပင် သူ့မျက်စိရှေ့တွင် အဖြူရောင်လေးတစ်ခု ဖြတ်ပြေးသွားပြီး လက်ထဲမှ ငါးကင်မှာ ပျောက်ကွယ်သွားကာ ထိုထူးဆန်း သေးငယ်သည့် အကောင်လေးသည် ခြုံပုတ်ထဲသို့ ပြေးဝင်ရင်း ပျောက်ကွယ်သွားပေတော့သည်။
လင်းရှ သည် ခဏမျှ ထိတ်လန့်သွားပြီးနောက် အလျင်အမြန်ပင် ဖိုထားသည့် မီးပုံအား ရေဖြင့်လောင်းကာ ငြှိမ်းသတ်လိုက်၏။ သို့သော်လည်း ယင်းမှာ နောက်ကျသွားပြီးဖြစ်ကာ ယွမ်မင် ၏ လျှင်မြန်လှသည့် မျက်လုံးများသည် မြေကြီးပေါ်မှ ပြာအကြွင်းအကျန်များကို သတိထားမိသွားတော့သည်။ ချက်ချင်းပင် သူသည် လှမ်းအော်ဟစ်လိုက်၏။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Start from the beginning
