" မြန်မြန်လုပ်စမ်းပါ ! မင်း ဒါတွေကို ရေလောင်းလို့ မပြီးဘူးဆိုရင် ဒီနေ့တစ်နေ့လုံး ထမင်းစားရမယ် မကြံနဲ့ ! "
လင်းရှ သည် သူ၏ ဒေါသများကို တိတ်ဆိတ်စွာသာ ပြန်မျိုချလိုက်ရပြီး တောင်ပေါ်သို့ ရေပုံးလွတ်များကို ထမ်းရင်းတက်သွားရတော့သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုစမ်းအိုင်နားတွင် ချောင်းလေးတစ်ခုရှိနေပြီး ကျန်သူများအားလုံးကလည်း ထမင်းသွားစားကြပြီ ဖြစ်သည့်အတွက် သူသည် ကိုယ့်ဖာသာ ငါးဖမ်းကာ ခိုးကင်စားရန် ကြံလိုက်လေသည်။
လင်းရှ သည် စမ်းအိုင်သို့ရောက်သောအခါ ဘောင်းဘီ အောက်ခြေအနားများကို လိပ်တင်လိုက်ပြီး ချောင်းထဲသို့ ခုန်ချလိုက်၏။ သူ့ခန္ဓာကိုယ်၏ အလိုအလျောက် လှုပ်ရှားမှုများမှာ အတော်အသင့်ကောင်းလေရာ ခဏချင်းပင် လက်မောင်းတစ်ဖက်စာမျှလောက်ရှိသည့် ငါးနှစ်ကောင်ကို ဖမ်းမိလိုက်ပေသည်။ တစ်ခုပဲ ရှိသည်မှာ ထိုအချိန်တုန်းက သူသည် ဆုန်းရှောင်ဟူ ကင်ပေးသည့် ငါးကိုသာ စားခဲ့ခြင်းဖြစ်ပြီး ယလုအခါတွင်မူ သူသည် ကိုယ့်ဖာသာ မီးပုံဘယ်လို ဖိုရမလဲဆိုသည်ကိုတောင် မသိပါချေ။
အတော်အတန်ကြာအောင် ကြိုးစားပြီးသည့် နောက်တွင်မှ သူသည် မီးပုံတစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်လိုက်သော်လည်း မီးခိုးငွေ့များကြောင့် အဆက်မပြတ် ချောင်းဆိုးသွားရပြီး အဆုံးတွင်မတော့ ငါးနှစ်ကောင်လုံးပါ တူးသွားလေတော့သည်။
လင်းရှ သည် ဘာဖြစ်ဖြစ်ဟုတွေးကာ တစ်ကိုက်ခန့် ကိုက်ကြည့်လိုက်ပြီးနောက်တွင်မူ မထိန်းနိုင်ပဲ ညည်းလိုက်မိတော့သည်။ သူသည် ကိုယ့်ကိုယ်ကို ထိုကလေးနှစ်ဦးအား ကောင်းကောင်းကြည့်ရှု စောင့်ရှောက်ပေးထားသည်ဟု ထင်မြင်နေမိသော်လည်း အမှန်တကယ် စောင့်ရှောက်ခံခဲ့ရသည့်သူမှာ သူကိုယ်တိုင်သာ ဖြစ်နေသည်ပင် ......
ထိုခဏတွင် လင်းရှ အနီးရှိ ခြုံပုတ်တစ်ခုအောက်မှ ချိုးချိုးချွတ်ချွတ် အသံများထွက်လာလေရာ သူသည် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်မိ၏။ ထိုခြုံပုတ်နားတွင်မူ အမွှေးလုံးလုံးဖြင့် ဖြူဆွတ်နေသော အကောင်ပေါက်လေးတစ်ကောင်သည် သူအား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။ လင်းရှ သည် ယင်းကို ယုန်တစ်ကောင်ဖြစ်မည်ဟု တွေးလိုက်မိသော်လည်း အသေအချာကြည့်သောအခါတွင် အနည်းငယ်ရှည်နေသည့် နားရွက်များမှ လွဲ၍ ကြောက်ပေါက်လေးတစ်ကောင်နှင့် ပိုတူနေသည်ကို တွေ့ရလေသည်။ ထိုအကောင်လေး၏ အမွေးလေးများမှာ အိစက်နေမည့်ပုံပေါ်ကာ မြင်သည့်လူတိုင်းအား လက်ဆန့်ထုတ်ပြီး ပွတ်ပေးချင်သည့်စိတ်ကို ပေါ်လာစေပေသည်။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...
Vol 1 : Chapter 18
Start from the beginning
