Chapter - 1 (Unicode)

9K 653 44
                                    

| 10.April.2025 |

ရုပ်သံဌာနမှ တင်ပြနေသော မနက်ခင်းသတင်း အစီအစဉ်သည် ထုံးစံ အတိုင်း မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲ အကြောင်းသာ ဖြစ်နေသည်။ သတင်း တင်ဆက်မူလေးသည် တစ်ဝက်တစ်ပျက်နဲ့ပဲ နောက်ထပ် channel လိုင်းတစ်ခု ပြောင်းခံ လိုက်ရသည်။

🎵 But.... you'll never be alone ..🎵

🎵 I'll be with you from dust till dawn Baby,  I am right here...

I'll hold you things go wrongs
🎵 

" အင်း... ငါကြိုက်တဲ့ သီချင်း"

TV channel တွေကနေ ကိုယ်ကြိုက်တဲ့ သီချင်းလွှင့်နေတာကို မြင်ရရင်ပဲ စိတ်ချမ်းသာမူက တစ်ဝက်လောက် ရသွားသည်။

🎵 Baby ...I'm right here .....🎵

ပွက်ပွက်ဆူနေတဲ့ ဂင်ချီဟင်းရည်အိုးထဲ ပဲပြားလေးတွေ အတုံးလိုက်ပစ်ထည့်ရင်း အရသာကိုပါ မြည်းစမ်းကြည့်ရသည်။

" ရပြီ ... အတော်ပဲ "

ထို့နှင့် ထမင်းများကိုပါ ခူးပြီး ဟင်းရည်အိုးကို စားပွဲအလယ်သို့ ချလိုက်သည်။

" အိမ်အပေါ်ထပ်က ဘေဘီကြီးရေ ... ထလို့ရပါပြီနော် ...မနက်စာစားလို့ ရပါပြီ"

အသံစာစာလေးသည် မနက်ခင်း နိုးစက်ဟု ချစ်စနိုး ခေါ်သော်လည်း ဟုတ်သည် မဟုတ်သည် အသာထား။

သစ်သားလှေခါးထစ်ကနေ ခပ်ကြမ်းကြမ်း ခြေသံကို ကြားလိုက်ရသည်။ မကြာခင်မှာပဲ ထမင်းစားပွဲရှေ့ ဆံပင်တွေ ပွယောင်းပြီး မျက်နှာပင် မသစ်ရသေးတဲ့ ဘေဘီကြီးကို တွေ့ရပေသည်။

" ဘေဘီ ... မောနင်း ...ဝှါးး!!!"

ယခုထက်ထိ မျက်စိအလုံးစုံ မပွင့်သေးတဲ့ Chanyeol ပါပေ။ ပေကလပ် ပေကလပ် မျက်လုံးများနှင့် ကင်ချီဟင်းရည်အနံ့ကို ရှုရှိုက်နေပေသည်။

" မျက်နှာ မသစ်လာပြန်ဘူးလား ..."

" စားပြီးရင် သစ်မယ်လေ ..."

မပွင့်သော မျက်လုံးများနှင့် စပ်ဖြီးဖြီး ရယ်ပြလာ၏။

Baekhyun နှာခေါင်းတွန့်သွားပေမဲ့ ဘာမှမပြော။ ဝက်ချိုချဉ်ကြော်လေးတွေကိုသာ Chanyeol ပန်းကန်ထဲ ထည့်ပေးနေတော့သည်။

Dusk Till Dawn Where stories live. Discover now