Ep-16

4.3K 652 79
                                    

(Unicode)

"ဆရာ....."

Laptop ကို စူးစိုက်ကြည့်‌နေသော သူတို့ ဆရာသည် သူတစ်ယောက်လုံးဝင်လာသည်ကိုတောင် မသိခဲ့....။အမြဲ အကင်းပါးလွန်းသော ဆရာက ဘယ်အရာကို ဤမျှတောင် အာရုံစိုက်နေရလို့ပါသနည်း။

"အာ...Sorry Sam..ငါ မင်း ဝင်လာတာကို မသိလိုက်ဘူး။"

"ဟုတ်ကဲ့...။ရပါတယ်ဆရာ..။ ဆရာ့ကို ပြောစရာလေး ရှိလို့ပါ။"

"ဘာများလဲ..."

"Park Ji Min အမ ပြန်ရောက်လာပြီ ဆရာ။"

"ဟုတ်လား......"

"ဟုတ်ပါတယ် ဆရာ။ ဒီမနက်ပဲ ပြန်ရောက်လာပါတယ်။"

"အင်း....ဒီတိုင်းဆို ငါတို့ဘက်က ပွဲစဖို့ပဲ ကျန်တော့တာပေါ့။"

"ဟုတ်ပါတယ် ဆရာ။"

"ဒါနဲ့ Sam...Park Ji Min ရဲ့ Jeon Jung Kookအပေါ်ထားတဲ့ သဘောထားတွေကို အဲ့ကောင်လေးမသိသေးဘူးနော်။"

"ဟုတ်ပါတယ်ဆရာ။"

"အခုတော့ ငါတို့ငြိမ်နေပြီး သူ သိသွားတဲ့အချိန်ကျမှ မီးစ ဝင်‌မြှိုက်ရင်ရော....။?? ပိုပွဲကောင်းမှာနော်...ဒါမှမဟုတ်...သစ္စာဖောက်တာ သိပ်မုန်းတဲ့ park ji min ရဲ့ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ ခံစားချက်ကို အရင်ကြည့်ကြည့်မလား...။"

"ဆရာ အဆင်ပြေတာက ပိုကောင်းမှာပေါ့ ဆရာ။"

"အင်းပါ...။ ကောင်းပြီလေ။ ဘာပဲပြောပြောပါ မင်းနားလို့ရပြီ။"

"ဟုတ်ကဲ့ပါ ဆရာ....။"

Sam ပြန်ထွက်သွားတော့မှ သူ့laptopကို သူအကြည့်ပြန်ရောက်သွားသည်။ လွန်ခဲ့သော နှစ်များစွာကဆေးရောင်မစုံသေးခင် ရိုက်ထားသော အမျိုးသမီးတစ်ယောက်၏ ပုံက wallpaperအနေဖြင့် ကျက်သရေရှိစွာ တည်ရှိနေသည်...။ တစ်ချက်ကြည့်နေရင်းက သူ့နှုတ်ခမ်းတွေသည် ပြုံးမိလာ၏။ ဒီအမျိုးသမီးက သူ့ကို အမြဲတမ်း ပြုံးအောင်လုပ်နိုင်တာပဲ.....။

"ကျစ်....."

ပြုံးနေရင်းက ခေါင်းထဲဝင်လာသည့် မျက်နှာတစ်ခုကြောင့် သူ စိတ်ရှုပ်စွာ ခေါင်းကိုခါယမ်းမိလိုက်သည်။

"အမရေ....။ လက်စားချေရမဲ့ လူက အမ သား ဖြစ်နေတာလည်း သိပ်မကောင်းဘူး.....။ အမအရမ်းချစ်ရတဲ့လူတွေရဲ့ သွေးတွေစီးဆင်းနေလို့သာ မုန်းတီးပေမဲ့ သူ့မျက်နှာမြင်တိုင်း အမကိုပဲ ပြေးသတိရပြီး လွမ်းလာမိသလို အမမျက်နှာ မြင်တိုင်းလည်း သူ့မျက်နှာ‌ပြေးပြေးမြင်မိတာတော့ သိပ်အဆင်မပြေဘူးဗျာ...။"

PUPPET ||COMPLETED||Where stories live. Discover now