Ep-10

5.1K 705 77
                                    

(Unicode)

Warning: this part may contain violent scene , and if u feel uncomfortable while reading that scene , u can stop !

*ဒေါက်.....ဒေါက်.....*

"ဝင်လာခဲ့ပါ။"

ဝင်လာသူက Taehyung နဲ့ Yoon Gi...သူတို့ကို မနက်အစောကြီးကတည်းက လေ့ကျင့်ရေးစင်တာကို လွှတ်ခဲ့တာကြောင့် ဒီကိစ္စတွေ သိလိုက်မည်မဟုတ်။ Jimin ကိုယ်တိုင်လည်းမပြောချင်။

"ကဲ...ပြောစမ်း ကိုJi Min....ဘယ်လိုဖြစ်လဲ။"

Taehyung က ဆတ်ခနဲ မေးငေါ့ကာ မေးလာသည်။ ကျန်သည့်လူတွေကို ဖုံးနိုင်လျှင်တောင် သူ့သူငယ်ချင်းကို ဘယ်သောအခါမှ ဖုံး၍မရခဲ့။

"ဘယ်လိုသိလာပြန်ပြီတုန်း။"

"မသိစရာလား။ အဲ့သီတင်းက ချက်ချင်း ပွထသွားတာ။ ပြီးတော့ အိမ်ထဲဝင်လိုက်ကတည်းက မြင်လိုက်ရတာက ဟာလာဟင်းလင်းဖြစ်နေတဲ့ ဧည့်ခန်းမကြီး။ ကဲ..ပြောစမ်းပါ။"

"သိပြီးသားပဲကို။ ဘာလို့မေးနေတာလဲ။"

"အမ်....မဟုတ်ဘူးလေ။ ငါတို့သိချင်တာက ဘယ်လိုဖြစ်ကုန်လဲလို့အဲ့သီတင်း။"

"ဦးလေးYoo Imကိုတော့ စုံစမ်းခိုင်းထားတယ်။ ပြီးတော့ သတင်းကိုလည်း ပြန်ပြီး ဖျောက်ခိုင်းထားတယ်။ ဒီထပ်မှ ဆိုးလာရင် ‌သတင်းစာရှင်းလင်းပွဲလုပ်ရမှာပဲ။"

"ထိခိုက်ဒဏ်ရာရတာတွေရော ရှိလား။ မင်း ဖျက်ဆီးလိုက်တာ။"

ချက်ချင်း ခြေထောက်ကိုနောက်ဆုတ်မိသား။ တော်သေး။ သူက အလုပ်စားပွဲမှာ ထိုင်နေတာကြောင့် ‌ခန္ဓာကိုယ်အောက်ပိုင်းက စားပွဲနှင့်ကွယ်ပြီး သူတို့မမြင်ကြလို့။ တွေ့သွားရင် သူ့ကို ဆူကြဦးမှာ။ တခြားအချိန်မှာသာ သူက ကြောက်ဖို့ကောင်းပြီး ကျန်သည့်လူများကို ဟောက်ချင်ဟောက်နိုင်ပေမဲ့ သူ့ရှေ့က နှစ်ယောက်နဲ့ သူ့အမကတော့ အချင်းချင်းပဲရှိလျှင် သူ့ကို ပြန်ဟောက်တာများသည်။ ထိုထဲမှာမှ အနှီKim Tae Hyung အဆိုးဆုံး။

"မရှိပါဘူး။"

ပိပိရိရိပင်သူလိမ်လိုက်သည်။ အဲ့အချိန်မှာ Yoon Gi က သူ့ဖုန်းကိုကောက်ထုတ်ပြီး ဖုန်းနံပါတ်တစ်ခုကိုလှမ်းဆက်ကာ speakerဖွင့်လိုက်သည်။

PUPPET ||COMPLETED||Where stories live. Discover now