Ep-5

6.2K 779 108
                                    

(Unicode)

Busan မှ Seoul သို့ ပြန်လာသည့် လမ်း.....
အချိန်ကား ည၂ချက်ထိုးမို့ သတိထားပြီးပြန်လာရသည်။

"Jimin...."

Jung kook က ကားမောင်းပြီး ဘေးမှာ Yoon Gi ထိုင်သည်။ အနောက်မှာတော့ Taehyungနှင့်Jimin
ထိုင်ကြသည်။ တစ်အောင့်ကြာတော့ Yoon Gi ဆီမှ အသံထွက်လာသည်။ နောက်ကြည့်မှန်ကနေ Jung kook ကြည့်လိုက်တော့ Park Ji Minက ‌ခေါင်းကို လှန်ချရင်း မျက်လုံးကို မှိတ်ထားသည်။ Taehyungကတော့ ဖုန်းကြည့်နေသည်။

"ပြော hyung..."

မျက်လုံးမဖွင့်ဘဲ ပြန်ဖြေလာသည်။

"မင်း မလွန်ဘူးလား..."

"အခုကိစ္စလား။"

"အင်း...။"

"ကျွန်တော်အမြဲတမ်း ပြောခဲ့တယ်နော် hyung။ Park Ji Min က လွန်တယ်လို့ထင်တဲ့ကိစ္စဆိုရင် အစတောင်ပျိုးမိမှာမဟုတ်ဘူးလို့။"

Yoon Gi ဆီမှ အသံတိတ်သွားသော်ငြား သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရသည်။

"Gi Hyungရယ်။ နိုင်မှာလည်းမဟုတ်ဘဲနဲ့ ပြောမနေပါနဲ့တော့။"

Taehyung က ဖုန်းကိုအကြည့်တစ်ချက်မခွာဘဲ ပြန်ပြောလာသည်။ သူတို့အားလုံးထဲမှာ တစ်ချက်မှ ဝင်‌မပြောဘဲ အပြင်ရောက်နေသည်က Jung Kook သာ။ တစ်ခဏကြာ တိတ်ဆိတ်သွားပြီးနောက်

"ဟေ့ကောင်။ Park Ji Min..."

အားလုံးကြောက်ရသည့် သခင်လေးကို ဟေ့ကောင်ဟု တပ်ခေါ်ရဲသည်က Taehyungတစ်ယောက်တည်းသာ။ Yoon Gi တောင် Jimin အပြင်မပို။

"ပြော...ဘာလဲ။"

"ဒီမှာ...လာကြည့်။"

ဖုန်းကို ပြလာတာကြောင့် Jimin မျက်လုံးဖွင့်လိုက်သည်။ အရှေ့သို့သာ ရှေးတူရှုနေသည့် ကားခေါင်းခန်းမှ သူတို့နှစ်ယောက်လည်း နောက်သို့ ငဲ့စောင်းကြည့်လာသည်။

"မင်း အချစ်လေးလား။"

"အေး...ချောတယ်ဟုတ်။"

"ငါ့ ဟန်နီလောက် မချောပါဘူးကွာ။"

သူတို့နှစ်ယောက် စကားတွေကို ကြားရတော့ Jung kook တစ်မျိုးဖြစ်သွားသည်။ ဒီကမ္ဘာမှာ ကြောက်စရာကောင်းတဲ့ ဒိတ်ဒိတ်ကြဲ စေတန်နှစ်ယောက်ကို ကြိုက်သည့် လူလည်း ရှိသေးတာလား။ Jung Kook က အဲ့လိုတွေးလိုက်မိသလို တစ်ဆက်တည်းမှာပဲ Yoon Gi ရဲ့ အကြည့်ကလည်း Jung Kook ဆီသို့ မသိမသာ စောင်းငဲ့ရောက်လာကြောင်း ရိပ်မိလိုက်ပေမဲ့ ထွေထွေထူးထူးသတိမထားမိလိုက်။ ညအမှောင်မို့လို့ ကားကိုသာ အာရုံစိုက်မောင်းနေရသည်။

PUPPET ||COMPLETED||Where stories live. Discover now